ကျိုင်းတုံတွင် ဆစ်ခ်လူမျိုးများနေထိုင်မှု လက်ရှိတွင် ရာဂဏန်းသာကျန်ရှိ

ကျိုင်းတုံတွင် ဆစ်ခ်လူမျိုးများနေထိုင်မှု လက်ရှိတွင် ရာဂဏန်းသာကျန်ရှိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် လွိုင်မွေကျေးရွာအုပ်စု လွိုင်မွေကျေးရွာတွင် လွတ်လပ်ရေးမရမီခေတ်က လက်ကျန်ဖြစ် သည့်ဆစ်ခ်လူမျိုးများနေထိုင်ခဲ့သည့် သမိုင်း အထောက်အထား အဆောက်အအုံများရှိနေ သော်လည်း လက်ရှိတွင် ကျိုင်းတုံမြို့နယ် အတွင်း၌ နေထိုင်လျက်ရှိသော ဆစ်ခ်လူမျိုး ဦးရေမှာ ရာဂဏန်းခန့်သာကျန်ရှိတော့ကြောင်း သိရသည်။

ရာဂဏန်းခန့်သာရှိ

ကျိုင်းတုံမြို့ အမှတ် (၂) ရပ်ကွက်တွင် ဆစ်ခ်ဘုရားကျောင်းရှိပြီး ဆစ်ခ်လူမျိုးများ နေထိုင်လျက်ရှိသော်လည်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသ ဘာသာပေါင်းစုံချစ်ကြည် ရေးနှီးနှောဖလှယ်ပွဲတွင် ဆစ်ခ်လူမျိုးအရေ အတွက် ရာဂဏန်းခန့်သာရှိနေကြောင်း သိရသည်။

ဆစ်ခ်လူမျိုးများနေထိုင်ခဲ့သည့် သမိုင်း အထောက်အထားအဖြစ် မြန်မာနိုင်ငံလွတ်လပ် ရေးမရမီ ၁၉၀၈ ခုနှစ်၌ လွိုင်မွေမြို့အုပ်ချုပ် ရေးမှူးဖြစ်ခဲ့သည့် စကော့တလန်နိုင်ငံသား Sir.James George Scott ဆိုသူ တည် ထောင်ခဲ့သည့် သဲကျောက်တုံးများဖြင့် ဆောက် လုပ်ထားသည့်အဆောက်အအုံများမှာ ယနေ့ တိုင်ရှိနေဆဲဖြစ်သည်။

"ခေတ်တွေကြာလာတော့ ဆစ်ခ်လူမျိုးတွေ ရေကြည်ရာမြက်နုရာကို ပြောင်းရွှေ့သွားရင်းနဲ့ အခုတော့ ကျိုင်းတုံမှာ လူနည်းနည်းပဲကျန်ပါ တော့တယ်။ သမိုင်းအထောက်အထားတွေကို ထိန်းသိမ်းဖို့အတွက်လည်း ငွေရှိမှဖြစ်မှာဆို တော့ အခုလက်ရှိမှာ မိသားစုအချင်းချင်း ကူညီရိုင်းပင်းဖေးမတာလောက်ဘဲ လုပ်နိုင်ပါ တယ်" ဟု ကျိုင်းတုံမြို့ အမှတ် (၂) ရပ်ကွက်နေ ဦးသိန်းမောင်က ပြောဆိုသည်။

ထို့အတူ လွိုင်မွေရပ်ကွက်နေ ဒေသခံ တိုင်းရင်းသူတစ်ဦးကလည်း "ကျွန်မအဘွားနဲ့ ရွယ်တူလူကြီးတွေကတော့ အခုပြောတဲ့နေရာ ကို ကုလားကျောင်းလို့ခေါ်တာ ကြားခဲ့ဖူးပါ တယ်။ ဆစ်ခ်ဆိုတာ လူမျိုးတစ်ခုမှန်း အခုမှပဲ သိရပါတယ်" ဟု ပြောဆိုသည်။

ဖော်ဆောင်ပေးခဲ့

လွိုင်မွေရှိ ဆစ်ခ်လူမျိုးများနေထိုင်ခဲ့သော အဆောက်အအုံ၏ ဝင်ပေါက်တွင် OFFICE ဟု စာတန်းရေးထိုးထားပြီး ထိုစဉ်က မြို့အုပ် ချုပ်ရေးမှူးဖြစ်ခဲ့သော J.G.Scott ဆိုသူသည် မြန်မာနိုင်ငံတွင် ဘောလုံးအားကစားနည်းနှင့် အတူ ဘောလုံးကွင်းများကို ဖော်ဆောင်ပေးခဲ့ သူဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး