လာမည့်ရာသီအတွက် ကစားသမား ကောင်းများ ခေါ်ယူအားဖြည့်ထားသည့် ဧရာဝတီယူနိုက်တက်အသင်းသည် ဗိုလ်ချုပ် အောင်ဆန်းဒိုင်းတွင် ဗိုလ်စွဲရန် ပစ်မှတ်ထား နေပြီး နေရှင်နယ်လိဂ်၌လည်း ထိပ်သီးသုံးသင်း စာရင်းဝင်ရန် ရည်မှန်းနေကြောင်း သိရသည်။
ဧရာဝတီယူနိုက်တက်သည် ရည်မှန်းချက် များပြည့်မီရန်အတွက် အပြောင်းအရွှေ့ရာသီ တွင် ပြည်တွင်းကစားသမား ၁၅ ဦး ခေါ်ယူ ထားပြီး ပြည်ပကစားသမားသုံးဦး ခေါ်ယူ အားဖြည့်ထားသည်။
"ကျွန်တော်တို့အသင်းက ရည်မှန်းချက်ကြီးတဲ့အသင်းပါ။ လာမယ့်ရာသီ မှာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းကို အဓိကပစ်မှတ် ထားပါတယ်။ ဒါ့အပြင် လိဂ်ထိပ်သီးသုံးသင်း စာရင်းဝင်မယ်လို့လည်း ရည်မှန်းထားပါတယ်" ဟု အသင်းနည်းပြချုပ်အဖြစ် ယခုနှစ်ရာသီ၌ စတင်တာဝန်ထမ်းဆောင်မည့် ဦးအောင်ခိုင်က ပြောဆိုခဲ့သည်။
အဖွင့်ပွဲ
ဧရာဝတီယူနိုက်တက်အသင်းသည် လိဂ် ရာသီအဖွင့်ပွဲအဖြစ် ဇန်နဝါရီ ၁၃ ရက်တွင် အဝေးကွင်း၌ ရတနာပုံအသင်းနှင့် ကစားရ မည်ဖြစ်သည်။














