ကျိုက်မရောမြို့နယ်ကျိုက်ပရံကျေးရွာ အရှေ့ ဘက်ကုန်းရှိနေအိမ်တွင်လှေကား အဟောင်းကွန် ကရစ် တုံးအား တွင်းတူးမြှုပ်နိုင်ရန် တွင်းတူးနေစဉ်အလုပ်သမားတစ်ဦးကျောက်တုံးပိမိသေဆုံးမှု ဇန်နဝါရီ ၁ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့သည်။
" ဖုန်းဝင်လာတဲ့ အချိန်မှာ ရေတွင်းထဲ အလုပ်သမားတွေ ပိတ်မိနေတယ်ဆိုပြီး လာတယ်။ အခင်းဖြစ် နေတဲ့နေရာကို ရောက်သွားတဲ့အချိန်မှာ ရေတွင်းမဟုတ်ဘူး လှေခါးဟောင်းအုတ်ခုံကို အလုပ်သမား တွေ တွင်းတူးပြီးမြုပ်နေတဲ့ဟာဖြစ်နေတယ်။ နှစ်ယောက်ကိုကယ်ထုတ်နိုင်ခဲ့တယ်" ဟု ဘိုဘိုဝင်း အရေး ပေါ်လူမှုကယ်ဆယ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဘိုဘိုဝင်းက ပြောသည်။
အဆိုပါ ကွန်ကရစ်တုံးမြှုပ်နှံရန် မြေကျင်းအတွင်း ရောက်ရှိနေသူ အမျိုးသားမှာ မြေနိမ့်ပြိုဆင်းကာ ကျောက်တုံးပိမိသေဆုံးခဲ့ခြင်းဖြစ်ပြီး လွတ်မြောက်ခဲ့သူနှစ်ဦးတွင်လည်း ထိုခိုက်ဒဏ်ရာများရရှိခဲ့သည်။
" ကျွန်တော်တို့ ရောက်လို့ ကြည့်တဲ့ အချိန်မှာ ကွန်ကရစ်တုံးပိမိတဲ့လူက သေနေပြီ။ အဲဒါကြောင့် ကွန်ကရစ်တုံးကို ကျောက်ခွဲစက်နဲ့ အချိန် ၁ နာရီ နီးပါးခွဲယူခဲ့ရတယ်" ဟု ဦးဘိုဘိုဝင်းက ပြောသည်။
သေဆုံးသူ အမျိုးသားမှာ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်မှ ရွှေ့ပြောင်းလာရောက်လုပ်ကိုင်သူ ဦးကြည်ဝင်း ၄၂ နှစ်ဖြစ်သည်။

















