မန်ချက်စတာ ဝိတိုရိယဘူတာရုံ၌ ဓားထိုးမှုဖြစ်၊ ရဲအရာရှိအပါအဝင် သုံးဦးဒဏ်ရာရ

မန်ချက်စတာ ဝိတိုရိယဘူတာရုံ၌ ဓားထိုးမှုဖြစ်၊ ရဲအရာရှိအပါအဝင် သုံးဦးဒဏ်ရာရ

ဗြိတိန်နိုင်ငံမြို့တော် လန်ဒန်ရှိ မန်ချက်စတာ ဝိတိုရိယ ဘူတာရုံတွင် ဒီဇင်ဘာ ၃၁ ရက်ညက ဓားဖြင့်တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ ရဲအရာရှိတစ်ဦး အပါအဝင် သုံးဦး ဒဏ်ရာရရှိခဲ့သည်။

အသက် ၅၀ ခန့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး မီးရထားရဲအရာရှိ တစ်ဦးလည်း ပခုံးတွင် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ ဒဏ်ရာများပြင်းထန်သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရချေ။
    တိုက်ခိုက်သူကို လူသတ်ရန် အားထုတ်မှုဖြင့် ရဲများက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်ဝါဒနှင့် ဆက်နွှယ်သည့် တိုက်ခိုက်မှုတစ်ရပ်ဟု အတည်ပြုခဲ့ကာ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးရဲက စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေသည်။ 
အသက် ၂၅ နှစ်ရှိ တိုက်ခိုက်သူသည် မီးဖိုချောင်သုံးဓားရှည်ကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောဆိုခဲ့သည်။
    တိုက်ခိုက်သူသည် ဗြိတိန်နိုင်ငံသားဟုတ်မဟုတ်နှင့် စိတ်ကျန်းမာရေးကိုပါ ထည့်သွင်းစစ်ဆေးလျက်ရှိသည်။ အချင်းဖြစ်နေရာမှ ဓားနှစ်ချောင်းသိမ်းဆည်းမိပြီး ဓားနှစ်ချောင်းလုံး အသုံးပြုခဲ့ခြင်း ဟုတ်မဟုတ် မသိရသေးပေ။ 
တိုက်ခိုက်မှုကြောင့် ရထားသွားလာမှု နှောင့်နှေးခဲ့သော်လည်း ဝိတိုရိယ ဘူတာရုံကို ပြန်လည်ဖွင့်လှစ်လျက် ရထားများ ပုံမှန် ပြန်လည်ပြေးဆွဲနေသည်။