၁၁ နှစ်အရွယ်ကလေးကို ခြံချင်းကပ်နေသူ ၅၈ နှစ်အရွယ်က သားမယားပြုကျင့်

၁၁ နှစ်အရွယ်ကလေးကို ခြံချင်းကပ်နေသူ ၅၈ နှစ်အရွယ်က သားမယားပြုကျင့်

ရွှေကျင်မြို့နယ်တွင် ၁၁ နှစ်အရွယ်ကလေးငယ်ကို ခြံချင်းကပ်နေထိုင်သူ ၅၈ နှစ်အရွယ်က သားမယားပြုကျင့်ခဲ့မှုကို သက်ဆိုင်ရာက ဇန်နဝါရီ ၁ ရက်နေ့တွင် အမှုဖွင့် အရေးယူခဲ့သည်။

အဆိုပါနေ့ ည ၈ နာရီခန့်တွင် ရွှေကျင်မြို့နယ် ကမ်းနီကျေးရွာနေ ကလေးငယ်၏ မိခင်ဖြစ်သူက ရဲစခန်းသို့လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
တိုင်ကြားရာ၌ ဒီဇင်ဘာ ၃၁ ရက် ညနေ ၃ နာရီအချိန်က ခြံချင်းကပ်လျက် နေထိုင်သော ဦးအောင်ထူး(၅၈)နှစ်ရောက်ရှိလာပြီး ငါ့ကတ်ကြေးပျောက်လို့ နင့်သမီးကို ကူရှာခိုင်းတာ နင့်သမီးကိုမဆူနဲ့ဟု ပြောဆိုခဲ့သည်။ 
ဦအောင်ထူးက ကတ်ကြေးပျောက်လို့နင့်ကိုခေါ်သွားသေးလားဟု မိခင်ဖြစ်သူက သမီးဖြစ်သူကို ညပိုင်းတွင် မေးမြန်းခဲ့သည်။ ဦးအောင်ထူးခေါ်၍ သမီးဖြစ်သူက လိုက်သွားခဲ့ကြောင်း၊ ၄င်းကအိမ်သာထဲခေါ်သွားခဲ့ပြီး သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း ဦးအောင်ထူးက ၄င်း၏အိမ်ခန်းနှင့် မီးဖိုချောင်တို့တွင် သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း သမီးဖြစ်သူ ပြောပြသိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ 
ရွှေကျင်မြို့မရဲစခန်းက(ပ)၃/၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိသည်။