ကမ္ဘောဒီးယားတွင် အကောင်အထည်ဖော်နေသည့် ဒေါ်လာ ၅၈ သန်းကျော်တန် ဆိုလာစွမ်းအင်စက်ရုံစီမံကိန်းသစ် ၂၀၁၉ နှစ်သစ်၌ စတင်လည်ပတ်မည်

ကမ္ဘောဒီးယားတွင် အကောင်အထည်ဖော်နေသည့် ဒေါ်လာ ၅၈ သန်းကျော်တန် ဆိုလာစွမ်းအင်စက်ရုံစီမံကိန်းသစ် ၂၀၁၉ နှစ်သစ်၌ စတင်လည်ပတ်မည်

ကမ္ဘောဒီးယားနိုင်ငံ ကမ်ပေါင်ဆဖူးပြည်နယ်တွင် အကောင်အထည်ဖော်နေသည့် ဒေါ်လာ ၅၈ သန်းကျော်တန် ဆိုလာစွမ်းအင်စက်ရုံစီမံကိန်းသစ်မှာ ယခု ၂၀၁၉ နှစ်သစ် ၌ စတင်လည်ပတ်မည်ဖြစ်ကြောင်း၊ ဆိုလာပြားနှစ်သိန်းတပ်ဆင်ထားပြီး ဇန်နဝါရီတွင် စတင်လည်ပတ်မည်ဖြစ်ကြောင်းဖြင့် ဆိုလာပြားထုတ်လုပ်သူ ဂျင်ကိုဆိုလာဟိုးလ်ဒင်း ကုမ္ပဏီက ပြောဆိုသည်။

နယူးယောက်စတော့အိတ်ချိန်းစာရင်းတင်သည့် အဆိုပါကမ္ဘာ့ အကြီးဆုံး ဆိုလာပြားထုတ်လုပ်သူ ဂျင်ကိုဆိုလာဟိုးလ်ဒင်းကုမ္ပဏီကပြောရာတွင် Schnei Tech Group ကုမ္ပဏီနှင့်ပူးပေါင်းပြီး ကမ္ဘောဒီးယားနိုင်ငံ ကမ်ပေါင်ဆဖူးပြည်နယ် တွင် ၆၀ မဂ္ဂါဝပ်အင်အားရှိ ဒေါ်လာ ၅၈သန်းကျော်တန် ဆိုလာစွမ်းအင်စက်ရုံစီမံကိန်း သစ် အကောင်အထည်ဖော်နေကြောင်း ဆိုသည်။

ကမ္ဘာ့အကြီးဆုံး ဆိုလာပြားထုတ်လုပ် သူ ဂျင်ကိုဆိုလာဟိုးလ်ဒင်းကုမ္ပဏီကပြောရာတွင် ယခုကဲ့သို့ ထူးခြားသည့် စီမံကိန်းကို Schnei Tech Group ကုမ္ပဏီနှင့်ပူးပေါင်းလုပ်ဆောင်ခွင့်ရသဖြင့် ဂုဏ်ယူကြောင်း ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်နှင့် အရောင်းဒုဥက္ကဋ္ဌ ဂန်နာမီယာအိုကဆိုသည်။ ကမ္ဘောဒီးယား အနာဂတ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ပထမခြေလှမ်းဖြစ်ကြောင်း ဒေသတွင်း တစ်ခုလုံးအတွက် မျှော်လင့်ချက်ကြီးစွာထားရှိပါကြောင်းဖြင့်လည်း ၎င်းက ပြောဆိုသည်။

ဒေသတွင်း လူဦးရေတိုးတက်နှုန်း၊ စီးပွားရေးတိုးတက်နှုန်းနှင့် အလျှံပယ်ရနိုင်သော နေရောင်ခြည်တို့ကြောင့် မိမိတို့ကုမ္ပဏီနှင့် ဆိုလာစွမ်းအင်အနာဂတ်အတွက် တကြွ်က မိကြောင်းလည်းဆိုသည်။