ကြိမ်ချောင်း- တောင်ပြိုစစ်ရေးဂိတ်တွင် ခရီးသည်အမျိုးသမီးထံမှ စိတ်ကြွဆေးပြား ၁၉၅၀၀၀ ပြားကို သက်ဆိုင်ရာက ဇန်နဝါရီ ၂ ရက်တွင် သိမ်းဆည်း အရေးယူခဲ့ကြောင်းသိရသည်။
အဆိုပါနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် မောင်တောမြို့နယ်၊ ကြိမ်ချောင်း-တောင်ပြိုသွား ကားလမ်း ကြိမ်ချောင်းစစ်ဆေးရေးဂိတ်သို့ ဖြတ်သန်းကာ မောင်တောမှ တောင်ပြိုသို့ မောင်းနှင် လာသည့် NOAX ယာဉ်ကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးစဉ် ယာဉ်ပေါ်လိုက်ပါလာသူ တောင်ပြိုဝဲကျေးရွာနေ ခရီးသည် မဝိုင်းချေ(ခ) ခင်စန္ဒာသန်း(၂၈)နှစ် ၏ ခရီးဆောင် အိတ်အတွင်းမှ စိတ်ကြွဆေးပြား ၁၉၅၀၀၀ ပြား (တန်ဖိုးကျပ် ၃၉၀,၀၀၀,၀၀၀ )ကို စစ်ဆေးတွေ့ရှိသဖြင့် မေးမြန်းခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများကို ၎င်း၏ ခင်ပွန်း မင်းမင်း(၃၀)နှစ် က ပြဿဒ်ကျေးရွာမှ တင်ဆောင် ပေးခဲ့၍သယ်ဆောင်လာခြင်းဖြစ်ပြီး မင်းမင်းမှာ ဆိုင်ကယ် ဖြင့် ယာဉ်နောက်မှလိုက် ပါလာခဲ့ကြောင်း သိရှိသဖြင့် ဆက်လက်ဖမ်းဆီးကာ ၄င်းတို့ ၂ ဦးကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ကြိမ်ချောင်းနယ်မြေရဲစခန်းမူးယစ်(ပ)၁/၁၉ မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူထားသည်။

















