ဝိုင်ဘီအက်စ် ၃၅ ယာဉ် မီးလောင် ကျပ် ၁၅ သိန်းဖိုးခန့်ဆုံးရှုံး

ဝိုင်ဘီအက်စ် ၃၅ ယာဉ် မီးလောင် ကျပ် ၁၅ သိန်းဖိုးခန့်ဆုံးရှုံး

ထောက်ကြန့်မြို့နယ်တွင် ဝိုင်ဘီအက်စ် ၃၅ ယာဉ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ကျပ် ၁၅ သိန်းဖိုး ခန့်ဆုံးရှုံးမှုဖြစ်ပွားခဲ့ခြင်းကြောင့် ယာဉ်မောင်းဖြစ်သူကို  သက်ဆိုင်ရာက ဇန်နဝါရီ ၂ ရက်က အမှုဖွင့်အရေးယူခဲ့သည်။ 

အဆိုပါနေ့ ညနေ ၄ နာရီ၁၀ မိနစ်အချိန်ခန့်တွင် ထောက်ကြန့်မြို့ ရွာမရပ်ကွက် မြို့ရှောင်လမ်းတွင် YBS ၃၅ ကားဂိတ်တွင် ကားတစ်စီးမီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်းသတင်းအရ ထောက်ကြန့်နယ် မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မျိူးကိုကိုနှင့်သွားရောက်စစ် ဆေးခဲ့သည်။

အဆိုပါနေရာတွင် ဝိုင်ဘီအက်စ်ခရီးသည်တင် ၃၅ ယာဉ်၏ ကားဘက္ထရီအိုးတွင်တပ်ဆင်ထားသော အော်တိုကက်တောက်ချွတ်ယွင်းကာဝါယာရှော့ ဖြစ်ပွားခဲ့ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

မီးလောင်ရာသို့ထောက်ကြန့်မြို့မီးသတ်တပ်ဖွဲ့စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦး မီးငြိမ်းသတ်ယာဉ် (၂)စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ၄နာခွဲအချိန်တွင်မီးငြိမ်းသွားခဲ့ပြီး ကျပ် ၁၅ သိန်းဖိုးခန့်ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

 ထောက်ကြန့်နယ်မြေရဲစခန်းမှ(ပ) ၅/၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၈၅ အရ အမှုဖွင့် အရေးယူထား သည်။