ကန္တာရစိမ်းလုပ်ကွက်အနီး တံခွန်ချောင်းလျှိုအတွင်းမှ တရားမဝင် ရွှေတူးဖော်သန့်စင် စက်ရုံ တွေ့ရှိမှုမှ တိမ်းရှောင်နေသူ သုံးဦးကို သတ္တုတွင်း ဥပဒေအရ အမှုဖွင့်

ကန္တာရစိမ်းလုပ်ကွက်အနီး တံခွန်ချောင်းလျှိုအတွင်းမှ တရားမဝင် ရွှေတူးဖော်သန့်စင် စက်ရုံ တွေ့ရှိမှုမှ တိမ်းရှောင်နေသူ သုံးဦးကို သတ္တုတွင်း ဥပဒေအရ အမှုဖွင့်

ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသ ကန္တာရစိမ်းလုပ်ကွက်အနီး တံခွန်ချောင်းလျှိုုအတွင်း တရားမဝင် ရွှေတူးဖော်ရေးလုပ်ကွက်တွေ့ရှိမှုမှ တိမ်းရှောင်သွားသူ ၃ ဦးကို မြန်မာ့သတ္တုတွင်းဥပဒေအရ ဇန်နဝါရီ ၁ ရက်က အမှုဖွင့်ခဲ့ကြောင်း ရမည်းသင်းမြို့မရဲစခန်းမှ သိရသည်။

ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ခန့်က ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသ ကန္တာရစိမ်းလုပ်ကွက်အနီး သုံးပွင့်ဆိုင်ကုမ္ပဏီမှ ဦးအာဆန်ကော(စိစစ်ဆဲ)နှင့် ဦးဆံရှည်(စိစစ်ဆဲ) နိုင်နိုင်(စီစစ်ဆဲ)တို့ တရားမဝင် ရွှေတူးဖော်လုပ်ကိုင်နေကြောင်း သတင်းအရ သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပြီး ရွှေတူး ဖော်ရေးလုပ်ကွက်သုံးပစ္စည်းများနှင့် ဒီတိုနေတာများ မော်တော်ဆိုင်ကယ်များ၊ကြိတ်ခွဲစက်များ၊ ဗြန်း အိတ် များကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါအမှုမှ ထွက်ပြေးတိမ်းရှောင်သူ ၃ ဦးကို ရမည်းသင်းမြို့မရဲစခန်းက (ပ)၃/ ၁၉၊ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(ခ) အရ အမှုဖွင့်အရေးယူခဲ့ခြင်း ဖြစ်သည်။