၂၀၁၈ ခုနှစ်အတွင်း တရုတ်-အမေရိကန် ဆက်ဆံရေးဟာ မှန်းလို့မရနိုင်တဲ့ အရွေ့တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ လွန်ခဲ့တဲ့ တစ်နှစ်က သမ္မတ ထရမ့် ပေကျင်းကို သွားရောက်တုန်းက သူ့ရဲ့ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုကိုအဆုံးသတ်လိုက်ပြီလို့ တရုတ်က မျှော်လင့်ခဲ့တယ်။
တစ်နှစ်အကြာမှာတော့ တရုတ်နဲ့ အမေရိကန်ဟာ ဖြေရှင်းလို့မရသေးတဲ့ ကုန်သွယ်ရေးစစ်ပွဲကို ဆင်နွှဲနေကြပြီး ထရမ့်အစိုးရဟာတရုတ်နဲ့ ဗျူဟာမြောက် ဆွေးနွေးမှုလုပ်မယ့်အစား ဗျူဟာမြောက်ပြိုင်ပွဲ ရင်ဆိုင်ဖို့ ပြောင်းလဲလိုက်ပြီ။
တစ်နှစ်အကြာတုန်းက အမေရိကန်၊ ဥရောပနဲ့ တရုတ် စီးပွားရေးဈေးကွက်တွေက အခြေအနေ တော်တော် ကောင်းခဲ့တယ်။ အခုတော့ တရုတ်နဲ့ ဥရောပမှာတိုးတက်မှု နှေးကွေးလာတာနဲ့ အမေရိကန်မှာ မြင့်မားတဲ့ အတိုးနှုန်း တွေကြောင့် ငွေကြေးဈေးကွက်တွေဟာ မတည်ငြိမ်တော့ဘူး။ မြောက်ကိုရီးယားနဲ့ မသေချာတဲ့ နျူလက်နက်ဆိုင်ရာ ဆွေးနွေးမှုတွေကလည်း ပိုပြီးအခြေအနေဆိုးစေတယ်။ ဒါဆို ၂၀၁၉ ခုနှစ်မှာ တရုတ်နဲ့ အမေရိကန်ဆက်ဆံ ရေးအလားအလာက ဘယ်လိုဖြစ်မလဲ။ မတ်လမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးလိုငွေတွေကို လျှော့ချဖို့နဲ့ တင်ပို့ မှုဆိုင်ရာ ဆုံးဖြတ်မှုတွေလုပ်ဖို့ တရုတ်က သဘောတူညီမှု တစ်ခုလုပ်လိမ့်မယ်။ စည်းကြပ်ခွန်တွေရဲ့ ရှုပ်ထွေးမှု ကြောင့် အနည်းငယ်ကြာနိုင်ပေမဲ့ သူတို့ကို အဲဒီအချိန်မှာ လျှော့ချနိုင်မယ်ဆိုတာလည်း ဖြစ်နိုင်တယ်။ စည်းကြပ်ခွန် ကို စည်းကြပ်ခွန်နဲ့ တုံ့ပြန်တာဟာ တစ်နှစ်လောက် ကြာနိုင်တယ်။ ဒါပေမဲ့ တရုတ်စီးပွားရေး ပြုပြင်ပြောင်းလဲ သူတွေဟာ အံ့သြစရာကောင်းတဲ့ သိသိသာသာ ချဉ်းကပ် မှုကို လုပ်နိုင်ခဲ့ရင် ဒါ မြန်မြန် အဆုံးသတ်နိုင်တယ်။ ဒါပေမဲ့ ဒါဟာ တရုတ်ရဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တဲ့ နည်းနည်းပဲ မျှဝေပေးနိုင်မယ်ဆိုတဲ့ မူဝါဒနဲ့တော့ ဆန့်ကျင် နေတယ်။
အတင်းအကျပ် ဖိအားပေးခံရတဲ့ နည်းပညာဆိုင်ရာ ပြောင်းရွှေ့မှုတွေကို ပြန်လည်ဖွဲ့စည်းဖို့ ပွင့်လင်းဖို့တော့ လိုတယ်။ ဘာပဲဖြစ်ဖြစ် ပြန်လည်ဖွဲ့စည်းမှုဟာ စာချုပ် တွေကို လက်တွေ့အကောင်အထည်ဖော်တာနဲ့တော့ ကွာခြားတယ်။ အသိÓဏ်ပိုင်ဆိုင်မှု ကာကွယ်ရေးမှာတော့ အတော် ပြဿနာတက်နေတယ်။ အိုဘားမားလက်ထက်က ရရှိခဲ့တဲ့ သဘောတူညီမှုတွေကို ပြန်အသက်သွင်းလို့ရတယ်။ ဒါပေမဲ့ ဥပဒေချိုးဖောက်မှုတွေကို ကိုင်တွယ်ပုံကတော့ မျှော်လင့်ချက်မရှိဘူး။ အလုပ်ဖြစ်နိုင်တာတစ်ခုကတော့ တရုတ်နဲ့ နိုင်ငံခြားကုမ္ပဏီတွေ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို အသိÓဏ်ပိုင်ဆိုင်မှု ကာကွယ်ရေးအတွက် သေသေချာချာ ဖွဲ့စည်းထားတဲ့ စင်ကာပူ၊ ဒါမှမဟုတ် ဆွစ်ဇာလန်နိုင်ငံက ခုံရုံးတွေမှာ စစ်ဆေးခံမှဖြစ်မယ်။
တရုတ်က ကန့်ကွက်ခဲ့ရင် တရုတ်ပိုင်တဲ့ နိုင်ငံတကာ ကုန်သွယ်ရေးခုံရုံးကို ဖွဲ့စည်းနိုင်လိမ့်မယ်။ ဒါပေမဲ့ အရည်အချင်းရှိတဲ့ နိုင်ငံခြားသားတွေကို ခန့်ဖို့တော့ လိုမယ်။ ဘယ်သူမှ တရုတ်ရဲ့ စီးပွားရေးခုံရုံးတွေကို မယုံကြည်ဘူး။ ပြည်တွင်းမှာ ပြန်လည်ဖွဲ့စည်းမှုတွေ အတွက် တရုတ်ဟာ လွတ်လပ်တဲ့ စီးပွားရေးနဲ့ အရပ်သား ခုံရုံးတွေကို ရာဇဝတ်ခုံရုံးက နိုင်ငံရေးချုပ်ကိုင်မှု အောက်မှာရှိနေမယ်ဆိုရင်တောင် ဖွဲ့စည်းရမယ်။ အမေရိကန်က တရုတ်ရဲ့ ၂၀၂၅ ခုနှစ်မှာပြုလုပ်မယ့် ရည်မှန်းချက်ကို စိုးရိမ်နေတာကတော့ ဖြေရှင်းလို့မရနိုင် ဘူး။ အမှန်ကတော့ တရုတ်အပါအဝင် နိုင်ငံတိုင်းက ပြည်တွင်းဖြစ်နည်းပညာ စက်ရုံတွေကို အားပေးတာပဲ။ ဒီလိုကုမ္ပဏီမျိုးအတွက် အတတ်နိုင်ဆုံး အထောက်အပံ့ ပေးရင်တောင် ဘယ်လောက် လိုက်နာဆောင်ရွက်သလဲ ဆိုတာ တိုင်းတာရခက်တယ်။
ဒီကိစ္စမျိုးမှာ ညှိနှိုင်းပြီးမှ ထွက်လာတဲ့ ရလဒ်မျိုးဟာ မသင့်တော်ဘူး။ အမေရိကန်ဟာ ရှင်းရှင်းလေးပဲ။ တရုတ်ကို ကျော်တက်ဖို့ဆို သုတေသနနဲ့ ဇီဝနည်းပညာမှာ ပိုမိုရင်းနှီးမြှုပ်နှံဖို့ လိုအပ်တယ်။ တရုတ်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကို စည်းကြပ်ခွန်တွေအကြောင်း အမွှမ်းတင်မှာကိုလည်း ကြိုတွေးထားသင့်တယ်။ ဥပမာပြောရရင် တရုတ်ဟာ အမေရိကန်တင်မကဘဲ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထဲမှာပါတဲ့ နိုင်ငံတွေ အားလုံးကို စည်းကြပ်ခွန် မကောက်တော့တာမျိုး ဖြစ်သွားနိုင်တယ်။ ဒါဟာ တရုတ်ကို လွတ်လပ်တဲ့ ကုန်သွယ်ရေးအတွက် ရပ်တည်ကာကွယ်ပေးဖို့နဲ့ ပြည်တွင်းလုပ်ငန်း တွေကို အကာအကွယ်ပေးထားတာကို ရပ်ပစ်ဖို့ အခွင့်ကောင်းဖြစ်တယ်။
တရုတ်ရဲ့ အဲဒီလို ပြောင်းလဲမှုက ပစိဖိတ်ဒေသ ကုန်သွယ်ဖက်နိုင်ငံတွေကို ရာထူးတိုးဖို့အတွက် ချဉ်းကပ် ပြီး အဲဒီအဖွဲ့က ထွက်သွားတဲ့ အမေရိကန်ကို အနိုင်ယူသလိုဖြစ်သွားလိမ့်မယ်။ စီးပွားရေးနဲ့ ဈေးကွက်အလားအလာ ရှိတယ်ဆိုရင် တရုတ်က အမြဲ ခြေသွက်လက်သွက် ရှိတယ်။ ညှိရတာ ခက်နိုင်ပေမဲ့ ဂျပန်ဟာ TPP မှာ တရုတ်သြဇာကြီးလာတာနဲ့ ပတ်သက်ပြီး သိပ်မကြာမီက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ပေကျင်းကိုသွားလည် ပြီးတဲ့အချိန်မှာ သဘောထားပျော့ပျောင်းသွားတယ်။
၂၀၁၉ ခုနှစ်မှာ တရုတ်ဟာ ပိုမိုကျယ်ပြန့်လာတဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒတွေအရ တခြားနိုင်ငံတွေနဲ့ ပြဿနာ အဖြစ်ခံတော့မှာမဟုတ်ဘူး။ ဂျပန်နဲ့လည်း ပုံမှန် ပြန်ဖြတ်လာတဲ့ ဆက်ဆံရေးမျိုးရှိနေပြီ။ မကြာသေးမီက ထွက်လာတဲ့ ဂျပန်ကမ်းစောင့်တပ်ရဲ့ အစီရင်ခံစာအရ တရုတ်က ဂျပန်ရေပိုင်နက်ထဲဝင်လာတဲ့ အကြိမ်ရေ တော်တော်နည်းနေပြီ။ တရုတ်ဟာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ရေပိုင်နက် ကိစ္စ အငြင်းပွားမှုကိုလည်း လျှော့ချချင်နေတယ်။ ဧပြီလ က ဝူဟန်မှာကျင်းပပြီးတဲ့ ဆွေးနွေးပွဲအပြီးမှာ အိန္ဒိယနဲ့ လည်း ပြေလည်ပါတယ်။ ထိုင်ဝမ်ကိုလည်း ဖိအားပေးမှုတွေ လျှော့ချမယ်လို့ မျှော်လင့်ရတယ်။ အမေရိကန် က ထိုင်ဝမ်ကို လက်နက်တွေ အကြီးအကျယ် ဆက်ရောင်း နေမယ်ဆိုရင်တော့ ဒါဟာ ပြောင်းလဲသွားနိုင်တယ်။ အမေရိကန်နဲ့ ရေပိုင်နက် အငြင်းပွားမှုတွေဟာ တောင်တရုတ်ပင်လယ်မှာ ဆက်ရှိနေပြီး အမေရိကန်က သူ့ရဲ့ လွတ်လပ်စွာ ရေကြောင်းသွားလာမှုမူဝါဒကို ဆက်လက်ဆွဲကိုင်ထားရင် ပဋိပက္ခတွေ ပိုကြီးလာနိုင်တယ်။
ဥရောပနဲ့ အာရှတစ်လျှောက် တရုတ်ဟာ သူ့ရဲ့ ၂၁ ရာစု ခေတ်သစ်ပိုးလမ်မအစီအစဉ် (BRI) ကို အကောင်အထည်ဖော်မှာပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့လတွေတုန်းက BRI ဟာ နိုင်ငံရေးအခမ်းအနားကြီး အနည်းငယ်ကိုသာ ဆွဲဆောင်နိုင်ခဲ့တယ်။ BRI ရဲ့ ဖြစ်နိုင်ခြေရှိတာတွေကို ပြန်လည်သုံးသပ်ဖို့ သီရိလင်္ကာက သူ့ရဲ့ Hambantota ဆိပ်ကမ်းကိုအပ်ပြီး BRI ရဲ့ ရေရှည်အတွက် ပြင်ဆင်ထားမှုတွေအတွက် တရုတ်အစိုးရ အရာရှိတွေကြားမှာ ငြင်းခုံနေကြတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ်မှာ ကျွန်တော် တို့ဟာ BRI က သိပ်ပြီး အောင်မြင်နေတာကို တွေ့ရတော့မှာမဟုတ်ဘူး။
နောက်ပြီး တရုတ်ဟာ တခြားအဖွဲ့အစည်းအသစ် တွေထက် ကုလသမဂ္ဂရဲ့ အိုင်အင်န်အက်ဖ်နဲ့ ကမ္ဘာ့ဘဏ် တို့လို (Bretton Woods) အဖွဲ့တွေမှာပဲ သူ့ရဲ့နေရာကို ခိုင်မာအောင် ချဲ့လိမ့်မယ်။ သူဟာ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ရဲ့ ခေါင်းဆောင်ဆက်ဖြစ်နေနိုင်ပြီး ၂၀၁၅ ခုနှစ် ပါရီ သဘာဝဘေးပတ်ဝန်းကျင် သဘောတူညီမှုအရ ကမ္ဘာ့ ရာသီဥတု အပြောင်းအလဲကို ကိုင်တွယ်မယ့် ခေါင်းဆောင် နိုင်ငံဖြစ်လာနိုင်တယ်။ တရုတ်ရဲ့ တည်ငြိမ်တဲ့နိုင်ငံခြားရေး မူဝါဒ ဖော်ဆောင်သူတွေအတွက်တော့ အမေရိကန်က အထင်သေးသလို ပြုမူနေတဲ့ နိုင်ငံတကာစနစ်ကို ပိုပြီး အာရုံစိုက်ထားတာက ပိုကောင်းတယ်။ တရုတ်က အမေရိကန်နဲ့ဆက်ဆံရေးကို ပြန်တည်ငြိမ်အောင်လုပ်ပြီး တခြားနိုင်ငံတွေနဲ့ တင်းမာမှုတွေ လျော့ကျ အောင်ဆောင်ရွက်တော့မယ့်အချိန်မှာ ခေါင်းဆောင်တွေဟာ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ရဲ့ နိုင်ငံရေးအနာဂတ် ကို အသေအချာ သုံးသပ်နိုင်တယ်။
အမေရိကန်ရဲ့ တရုတ်အပေါ် သဘောထားပြောင်းလဲသွားချိန်မှာ ဒီအပြောင်းအလဲဟာ ဘယ်လိုဖြစ်နေသလဲဆိုတာ အသေအချာမသိဘူးလို့ သူတို့က ကောက်ချက်ချထားပြီး သူတို့ရဲ့ ဗျူဟာမှာ အဓိကကျတဲ့ အပြောင်းအလဲတစ်ခုဖြစ်ဖို့ ခိုင်လုံပြီလား ဆိုတာကလည်း မသေချာသေးပါဘူး။
(ဤဆောင်းပါးသည် သြစတြေးလျဝန်ကြီးချုပ်ဟောင်း Kevin Rudd ၏ အာဘော်သာဖြစ်သည်။ သူသည် နယူးယော့ခ်မြို့ရှိ Asia Society Policy Institute ၏ ဥက္ကဋ္ဌနှင့် Independent Commission on Multilateralism ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။)

















