လက်ယာစွန်း နိုင်ငံရေးသမား ဘိုဆိုနာရို သမ္မတ တာဝန်စတင်ထမ်းဆောင် ကြီးမားသော အပြောင်းအလဲများ လုပ်ဆောင်သွားရန် ကတိပြု

လက်ယာစွန်း နိုင်ငံရေးသမား ဘိုဆိုနာရို သမ္မတ တာဝန်စတင်ထမ်းဆောင် ကြီးမားသော အပြောင်းအလဲများ လုပ်ဆောင်သွားရန် ကတိပြု

ဘရာဇီးလီးယား  (ဘရာဇီးလ်) ” ဇန်နဝါရီ ၁ ရက်တွင် လက်ယာစွန်းနိုင်ငံရေးသမား ဂျာဘိုဆိုနာရိုက ဘရာဇီးလ်နိုင်ငံသမ္မတအဖြစ် ကျမ်းသစ္မာကျိန်ဆိုခဲ့ပြီး ပြည်သူလူထု၏နေ့စဉ်ဘဝကဏ္ဍများကို စစ်ဆေးပြုပြင်သွားမည်ဖြစ်ကြောင်း အခက်အခဲ အနှောင့်အယှက်များအကြား ဆက်လက်ဖြစ်ပွားနေသော မပြောင်းလဲသည့် အုပ်ချုပ်မှုရေးရာတို့ကို အဆုံးသတ်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ 

ဆိုရှယ်လစ်ဘရယ်ပါတီ (ပီအက်စ်အယ်လ်) ကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လက်ယာစွန်းဝါဒီသမား ဗိုလ်ကြီးဟောင်း ဘိုဆိုနာရိုအတွက် နှစ်သစ်ကူးနေ့သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမှာ လွှတ်တော်အမတ်အဖြစ်မှ ဘရာဇီးလ်နိုင်ငံသားများ မျှော်လင့်ထားသော နိုင်ငံတိုင်းတွင် တွေ့ရလေ့ရှိသည့် အကျင့်ပျက်ခြစားမှုများနှင့် အကြမ်းဖက်များကို နှိမ်နင်းပေးမည့် ခေါင်းဆောင်အဖြစ် ထိပ်ဆုံးအဆင့်ကို ရောက်ရှိအောင် ကြိုးပမ်းလုပ်ဆောင်ခဲ့သည့် ရလဒ်ပင်ဖြစ်သည်။ 

လက်ဝဲယိမ်းအလုပ်သမားပါတီက သမ္မတရွေးကောက်ပွဲတွင်လေးကြိမ် ဆက်တိုက် အနိုင်ရရှိခဲ့ပြီးနောက် ဘရာဇီးလ် ထရမ့်ဟု တင်စားခြင်းခံရသူ အသက် ၆၃ နှစ်ရှိ ဘိုဆိုနာရိုက အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနှင့် ရှေးရိုးစွဲများ၊ လက်ယာစွန်းဝါဒီ ထောက်ခံရေးသမားများ ထောက်ခံအားပေးသည့် လက်နက်ကိုင်ဆောင်ခွင့် ဥပဒေဖြေလျှော့ရေး ကတိပြုချက်များဖြင့် သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ 

ဘိုဆိုနာရိုနှင့် ၎င်း၏ ဒုတိယသမ္မတ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဟာမီတန် မိုရာရိုတို့က လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပြီး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်အတွင်း ပြောကြားခဲ့ဖူးသည့် လက်ယာစွန်း ရာထူးနေရာများ ပါဝင်သော မိန့်ခွန်းတို ပြောကြားခဲ့သည်။ ဘိုဆိုနာရိုက စာသင်ကျောင်းများတွင် ကျားမ သဘောတရားများ သင်ကြားခြင်းကို ပယ်ဖျက်သွားရန် ကတိပြုခဲ့သည့်အပြင် ဂျူးဘာသာ ခရစ်ယာန် ရိုးရာကို လေးစားရန်နှင့် နိုင်ငံရေးအရ အကြမ်းဖက်လိုမှုထက် အလုပ်အကိုင်ဈေးကွက်အတွက် ကလေးများကို ပြင်ဆင်ပေးသွားမည်ဟု ပြောကြားခဲ့သည်။ ထို့နောက် လွှတ်တော် အပြင်ဘက်ရှိ ထောက်ခံအားပေးသူ ထောင်ပေါင်းများစွာအား ဆိုရှယ်လစ်စနစ်နှင့် နိုင်ငံရေးအသုံးအနှုန်း အမူအကျင့်များ ရှောင်ရှားပိတ်ပင်ခြင်းတို့ ပြုလုပ်သွားမည်မဟုတ်ကြောင်း လွတ်လပ်သော ဘရာဇီးလ်နိုင်ငံဖြစ်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ 

အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား ကျင်းပသော ဘရာဇီးလီးယားမြို့တွင် လုံခြုံရေးတင်းကျပ်ခဲ့ပြီး အခမ်းအနားကို ရဲအရာရှိ ၃,ဝ၀ဝ ကျော် လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့ကြသည့်အပြင် တင့်ကားများ၊ တိုက်လေယာဉ်များနှင့် လေယာဉ်ပစ်ဒုံးကျည်များကို တပ်ဖြန့်ထားခဲ့သည်။ ဓားထိုးခံခဲ့ရဖူးသည့် ဘိုဆိုနာရို၏ တောင်းဆိုချက်ကြောင့် ထိုသို့ လုံခြုံရေးတင်းကျပ်ခဲ့ခြင်းဖြစ်သည်။ သူ၏သားများနှင့် နိုင်ငံရေးသမားများကိုယ်တိုင် ဘိုဆိုနာရိုကို အကြမ်းဖက်သမားများ၏ ပစ်မှတ်ထား တိုက်ခိုက်ခံရနိုင်ကြောင်း ပြောကြားခဲ့သော်လည်း အခမ်းအနားအတွင်း အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိခဲ့ကြောင်း လုံခြုံရေးအရာရှိများက ပြောကြားခဲ့သည်။

ရှေ့တန်း စီးပွားရေးမျက်နှာစာတွင် လက်တင်အမေရိကတိုက်၏ အကြီးဆုံး စီးပွားရေးနိုင်ငံကို မည်သို့ဦးဆောင်သွားမည်ကို မသိရှိသေးသော်လည်း ဘိုဆိုနာရိုတစ်ယောက် မဲဆွယ်စည်းရုံးရာတွင် ဈေးကွက် အကျိုးပြု ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်သွားမည်ဟု ကတိပြုခဲ့သည်။ ဘရာဇီးလ်နိုင်ငံ၏ အငြိမ်းစားလစာစနစ်နှင့် နိုင်ငံပိုင်ကုမ္ပဏီအချို့ကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲသွားမည်ဟု ပြောကြားခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အားပေးထောက်ခံမှုကို ဘိုဆိုနာရိုရရှိခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၌ လူခြောက်သောင်း သုံးထောင်ကျော် အသတ်ခံခဲ့ရပြီး ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန် နှိမ်နင်းသွားမည်ဟု ဇန်နဝါရီ ၁ ရက်တွင် ထပ်လောင်းပြောကြားခဲ့သည်။ အ-စိုးရအဖွဲ့ဝင်ဝန်ကြီး ၂၂ ဦးအနက် ခုနစ်ဦးမှာ  စစ်တပ်အရာရှိဟောင်းများဖြစ်ပြီး ဘရာဇီးလ်နိုင်ငံ၏ ၁၉၆၄-၁၉၈၅  အာဏာရှင်အစိုးရခေတ်ထက်ပင် စစ်တပ်အဖွဲ့ဝင် ပိုမိုများပြားလာခဲ့သည်။ ထိုသို့ လွှတ်တော်အတွင်း စစ်တပ်အရာရှိဟောင်းများ ပိုမို ပါဝင်လာခြင်းနှင့် ပတ်သက်ပြီး အာဏာရှင်စနစ်သို့ ပြန်လည် ရောက်ရှိသွားမည်ကို စိုးရိမ်မှုများမြင့်တက်ခဲ့သော်လည်း ဘရာဇီးလ်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကို အလေးထားသွားမည်ဟု ဘိုဆိုနာရိုက ပြောကြားခဲ့သည်။ ဘိုဆိုနာရို၏ လစ်ဘရယ်နှင့်ဆိုရှယ်ပါတီ (Liberal and Social Party)  က ဘရာဇီးလ်နိုင်ငံအောက်လွှတ်တော် ၅၁၃ နေရာတွင် ၅၂ နေရာ အနိုင်ရရှိခဲ့ပြီး အလုပ်သမားပါတီပြီးနောက် ဒုတိယအကြီးဆုံး နိုင်ငံရေးအုပ်စုဖြစ်လာခဲ့သည်။