တီဟွာနာ (မက္ကဆီကို) ” တီဟွာနာတွင် နယ်စပ်ခြံစည်းရိုး ကိုချိုးဖောက်ရန် ကြိုးပမ်းသည့်ရွှေ့ပြောင်း အခြေချသူ ၁၅၀ ခန့်ကို အမေရိကန်ပြည်ထောင်စု အာဏာပိုင်များက နှစ်သစ်၏ ပထမဦးဆုံးအချိန်ကာလမှာပင် မျက်ရည်ယို ဗုံးများသုံး၍ ဟန့်တားခဲ့သည်။
နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းနေသည့် ရွှေ့ပြောင်း အခြေချသူများတွင် ကျောက်ခဲပစ်သူများကို ရည်ရွယ်၍ ယင်းဓာတ်ငွေ့ကိုသုံးခြင်းဖြစ်ကြောင်း အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးအဖွဲ့က ဇန်နဝါရီ ၁ ရက်ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ခြံစည်းရိုး ခတ်ထားသည့် နယ်နိမိတ်မျဉ်းတွင် ကလေးများအပါအဝင် ရွှေ့ပြောင်းအခြေချသူများကို ဓာတုပစ္စည်း၏ အကျိုးဆက် ခံစားရသည်ကို သက်သေခံသူများ မရှိကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြခဲ့သည်။
တီဟွာနာ၏ ကမ်းခြေအနီး မက္ကဆီကိုဘက်ရှိ နယ်စပ် ပေါ်သို့ ဓာတ်ငွေ့ဖြင့် တရစပ် သုံးကြိမ်ထက်မနည်း ပစ်လွှတ်သည်ကို အေပီဓာတ်ပုံသတင်းထောက်က မြင်ခဲ့ သည်။ အမျိုးသမီးများနှင့် ကလေးများအပြင် သတင်းစာ ဆရာများအပါအဝင် ရွှေ့ပြောင်းအခြေချသူများအား ထိခိုက်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုဘက်မှ မျက်ရည်ယိုဗုံးပစ်ပြီးမှသာ ခဲများပေါက်သည်ကို အေပီသတင်းဌာနမှ တွေ့ရသည်။ လမ်းလျှောက်တတ်စအရွယ် ကလေးများအား သံဆူးကြိုးများပေါ်မှာ လွှဲပြောင်းပေးသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များ မြင်တွေ့ကြောင်း သတင်း ဌာနကဆိုသည်။ အမေရိကန်ပြည်ထောင်စု ထောက်လှမ်း ရေးများက ပလတ်စတစ်ကျည်ဆန်များဖြင့် ပစ်နေသည်ကို အေပီသတင်းထောက်တစ်ဦးကလည်း မြင်ခဲ့သည်။ရွှေ့ပြောင်းအခြေချသူ ၂၅ ဦးထိန်းသိမ်းခံရပြီး အခြားသူများခြံစည်းရိုးအောက်ရှိ အပေါက်တစ်ခုမှ မက္ကဆီကို ဘက်သို့တွား၍ ပြန်ဝင်သွားသည်ဟု သတင်းဌာနကဆိုသည်။
အောက်တိုဘာလလယ်တွင် ဟွန်ဒူးရပ်စ်မှ ထွက်ခဲ့ သော ယာဉ်တန်းသည် မြောက်ဘက်သို့ တစ်လခွဲကြာ ခရီးကြမ်းအတွင်း အဖွဲ့ဝင် ၆,ဝ၀ဝ ကျော် တိုးပွားလာခဲ့ သည်။ နိုဝင်ဘာလ၌ ကျင်းပမည့် သက်တမ်းဝက် ရွေးကောက်ပွဲကြိုကာလတွင် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းကို အမြဲတမ်းပစ်မှတ်အဖြစ် မကြာခဏ ရည်ညွှန်း ခဲ့သည်။
ပြောင်းရွှေ့အခြေချသူ အများအပြားသည် အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေးခိုလှုံခွင့်အတွက် လျှောက်ရန် အခွင့်အရေးတစ်ခုအတွက် တီဟွာနာတွင် စောင့်နေကြ သည်။ သို့သော် ယာဉ်တန်းမရောက်မီ အလုပ် ကြွေး တစ်ခုရှိနေပြီး စောင့်ဆိုင်းခြင်းသည် လများစွာကြာမည် ဟု မျှော်လင့်ရသည်။ အခြားသူများသည် မက္ကဆီကိုတွင် အလုပ်များရနေပြီး အခြေချရန် ကြိုးပမ်းကြသည်။
ထရမ့်တည်ဆောက်လိုသော နယ်စပ်နံရံအတွက် ငွေကြေးကိစ္စနှင့်ပတ်သက်၍ ကွန်ဂရက်လွှတ်တော် ဒီမိုကရက်အမတ်များနှင့် ရန်ပွဲတစ်ခုတွင် ထရမ့်သည် လတ်တလော ညပ်မိနေသည်။ ထို မတိုးသာမဆုတ်သာ အခြေအနေသည် အစိုးရလုပ်ငန်း တစ်စိတ်တစ်ဒေသ ရပ်ဆိုင်းမှုတစ်ရပ်ကို ဦးတည်လျက်ရှိသည်။

















