မွန်ပြည်နယ် သထုံခရိုင်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်ဖမ်းဆီးရမိမှု ၂၀၁၇ ခုနှစ်ကထက် လျော့နည်းသွား

မွန်ပြည်နယ် သထုံခရိုင်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်ဖမ်းဆီးရမိမှု ၂၀၁၇ ခုနှစ်ကထက် လျော့နည်းသွား

မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်မြို့နယ်များတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန် အထိ လိုင်စင်မဲ့မော်တော်ယာဉ်ဖမ်းဆီးရမိမှု ၂၀၁၇ ခုနှစ်ကထက်လျော့နည်းသွားကြောင်း သထုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

လိုအပ်

လိုင်စင်မဲ့မော်တော်ယာဉ်များနှင့်ပတ်သက် ၍ ဖမ်းဆီးအရေးယူမှုများကို ဆက်လက် လုပ်ဆောင်ရမည်ဖြစ်ပြီး နိုင်ငံအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်များပြားလာပါက ယာဉ်မှုခင်း များနှင့်ပတ်သက်၍ ဖမ်းဆီးရာတွင် အခက် အခဲများဖြစ်ပေါ်စေပြီး လိုင်စင်မဲ့မော်တော် ယာဉ်များအသုံးပြု၍ ပိုမိုကြီးမားသောမှုခင်း များကျူးလွန်လာနိုင်ခြင်းကြောင့် ထိရောက် စွာဟန့်တားအရေးယူမှုများ ပြုလုပ်ရန်လိုအပ် ကြောင်း ဒုရဲမှူးသက်နိုင်ဦးက ပြောဆိုသည်။

၂၀၁၇ ခုနှစ် သထုံခရိုင်အတွင်းရှိ မြို့နယ် လေးမြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ် ၂၅၄ စီး ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် လိုင်စင်မဲ့မော်တော်ယာဉ် ၁၂၆ စီး သာဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

"သထုံခရိုင်ကို ဖြတ်သန်းသွားလာနေတဲ့ လမ်းကြောင်းကနေ လိုင်စင်မဲ့မော်တော်ယာဉ် တွေ နေ့စဉ်ဖြတ်သန်းနေတာတွေရှိနေပါတယ်။ ဒါပေမဲ့ အားလုံးကိုဖမ်းဆီးနိုင်ဖို့ အခက်အခဲ ရှိပါတယ်။ ယာဉ်တိုင်းကို လိုင်စင်မဲ့ယာဉ်ဟုတ်၊ မဟုတ်စစ်ဆေးနေရင် ခရီးသွားပြည်သူတွေ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မသင်္ကာတဲ့ယာဉ်တွေကိုသာ စစ်ဆေးနေရ တယ်။ လွတ်သွားတဲ့ယာဉ်တွေလည်းရှိနေနိုင် ပါတယ်"ဟု ၎င်းက ပြောဆိုသည်။

ထွက်ပြေး

လိုင်စင်မဲ့မော်တော်ယာဉ် ဖမ်းဆီးရမိမှု တွင် ယာဉ်မတော်တဆဖြစ်ပွားသည်ကို စစ် ဆေးရာမှ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ် ဆေးပေါ်ပေါက်ခြင်း၊ မူးယစ်ဆေးဝါးသယ် ဆောင်သည်ကို ဖမ်းဆီးစစ်ဆေးရာမှ အသုံး ပြုသည့်ယာဉ်မှာ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခြင်း၊ စီးပွား/ကူးသန်းဝန် ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ရောင်းချရန် အလို့ငှာ သယ်ဆောင်မောင်းနှင်လာရာမှ ဖမ်း ဆီးရမိခြင်း၊ ယာဉ်တိုက်မှုဖြစ်ပွားရာတွင် ယာဉ် အားထားကာ ယာဉ်မောင်းထွက်ပြေးသည့် မှုခင်းများကို စစ်ဆေးရာမှ လိုင်စင်မဲ့မော်တော် ယာဉ်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခြင်း၊ မော်တော်ယာဉ်အား ခွင့်ပြုချက်မဲ့သယ်ဆောင် မောင်းနှင်လာစဉ် ရဲတပ်ဖွဲ့မှလိုက်လံဖမ်းဆီး သဖြင့် ယာဉ်အားထားကာ ထွက်ပြေးသည်ကို စစ်ဆေးရာမှ ပေါ်ပေါက်ခြင်းများဖြစ်သည်။

"လိုင်စင်မဲ့ယာဉ်တွေကတော့ နေ့စဉ်သွား လာနေတာတွေရှိတာပဲ။ တစ်နေ့ကို အနည်း ဆုံး စီးရေ ၃၀ ကနေ ၅၀ ကြားရှိနိုင်ပါတယ်။ ဒီလမ်းကြောင်းပေါ်ကနေ သွားနေတဲ့ လိုင်စင် မဲ့ယာဉ်တွေက အထက်ပိုင်းအထိ ဘာကြောင့် ရောက်နေလဲဆိုတာ တွေးကြည့်တာနဲ့တင် သိနိုင်ပါတယ်။ ဖမ်းတာတွေရှိသလို မဖမ်းနိုင် တာတွေလည်းရှိနေတာပဲ"ဟု သထုံမြို့ဒေသခံ တစ်ဦးက ပြောဆိုသည်။

သယ်ဆောင်မောင်းနှင်

သထုံခရိုင် မြို့နယ်လေးမြို့နယ်အတွင်း လိုင်စင်မဲ့ယာဉ်များဖြတ်သန်းနေသော လမ်း ကြောင်းများဖြစ်သည့် ဘားအံ---–သထုံကားလမ်း၊ မော်လမြိုင်–ရန်ကုန်ကားလမ်းမှတစ်ဆင့် ပဲခူး တိုင်းဒေသကြီးဘက်၊ ၎င်းမှ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးဘက်သို့ သယ်ဆောင်မောင်းနှင် နေကြသည်။

လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် စည်း ကမ်းပျက်ယာဉ်များအား မွန်ပြည်နယ်အစိုးရ အဖွဲ့၏ကြီးကြပ်မှုဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှစတင်ကာ ရက် ၁၀ဝ စီမံချက်ဖြင့် ကြပ်မတ်ဖမ်းဆီးအရေးယူမှုများ ပြုလုပ်မည် ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး