တောင်ကိုရီးယား၏ပို့ကုန်သွင်းကုန် စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမြင့်တက်ခဲ့ လွန်ခဲ့သည့်နှစ်အတွက် ပို့ကုန်ဒေါ်လာဘီလီယံ ၆၀ဝ အထိစံချိန်တင်

တောင်ကိုရီးယား၏ပို့ကုန်သွင်းကုန် စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမြင့်တက်ခဲ့ လွန်ခဲ့သည့်နှစ်အတွက် ပို့ကုန်ဒေါ်လာဘီလီယံ ၆၀ဝ အထိစံချိန်တင်

တောင်ကိုရီးယားနိုင်ငံ၏ပို့ကုန်သွင်းကုန် စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမြင့်တက်ခဲ့ပြီး အထူးသဖြင့် ပြီးခဲ့သည့်နှစ်အတွက် ပို့ကုန်ဒေါ်လာဘီလီယံ ၆၀ဝ အထိ စံချိန်တင်ရောက်ရှိ ကြောင်းဖြင့် ဇန်နဝါရီ ၁ ရက်ကထုတ်ပြန်သာည့် အစိုးရအစီရင်ခံစာ၌ ဆိုသည်။ ပြည်ပ ပို့ကုန် အဓိကစီးပွားရေးနိုင်ငံ၏ ၂၀၁၈ ပို့ကုန်မှာ ဒေါ်လာ ၆၀၅ ဒသမ ၅ ဘီလီယံရှိကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ဆိုသည်။ ယင်းမှာ ၂၀၁၇ ထက် ၅ ဒသမ ၅ ရာခိုင်နှုန်းပိုပြီး ၁၉၄၈ နောက်ပိုင်း အကြီးမားဆုံးပမာဏလည်းဖြစ်သည်။

ပြည်ပ ပို့ကုန် အဓိကစီးပွားရေးနိုင်ငံ၏ ၂၀၁၈ ပို့ကုန်မှာ ၂၀၁၁ နောက်ပိုင်း ပထမဦးဆုံးအကြိမ် ဒေါ်လာ ၅၀ဝ ဘီလီယံကျော်လွန်မှုလည်းဖြစ်သည်။ သွင်းကုန်မှာ ၂၀၁၇ ထက် ၁၁ ဒသမ ၈ ရာခိုင်နှုန်းပိုကာ ဒေါ်လာ ၅၃၅ ဘီလီယံဖိုးရှိပြီး စံချိန်သစ်တင်သည်။ သွင်းကုန်နှင့် ထုတ်ကုန်တန်ဖိုးကြီးမှုကြောင့် ကုန်သွယ်မှုတန်ဖိုးမှာလည်း ၂၀၁၈ အတွက် ဒေါ်လာ ၁ ဒသမ ၁၄ ထရီလီယံရှိကာ နှစ်နှစ်ဆက်တိုက်တစ်ထရီလီယံကျော်ခြင်းဖြစ်သည်။

ကုန်သွယ် ရေးပိုငွေပြမှု ၇၀ ဒသမ ၅ ဘီလီယံရှိကာ ၁၀ နှစ်ဆက်တိုက်ကြာ ပိုငွေပြနေသည်။ ယင်းသို့ပိုငွေပြရခြင်းမှာ အဓိကအားဖြင့် တောင်ကိုရီးယားထုတ် တစ်ပိုင်းလျှပ်ကူးပစ္စည်း များအပေါ် နိုင်ငံတကာဝယ်လိုအားကောင်းနေပြီး ၂၀၁၈ အတွင်း ရာခိုင်နှုန်း ၂၉၀ တိုးကာ ဒေါ်လာ ၁၂၆ ဒသမ ၇ ဘီလီယံဖိုးတင်ပို့ခဲ့ရသည်။ အထွေထွေစက်ပစ္စည်းတင်ပို့ မှုမှာ နိုင်ငံသမိုင်းတွင် ပထမဆုံး ဒေါ်လာဘီလီယံ ၅၀ ကျော်ခဲ့ပြီး ရေနံဓာတုနှင့်ရေနံထွက် ပစ္စည်းတင်ပို့မှုမှာလည်း နိုင်ငံသမိုင်းတွင် ပထမဆုံး ဒေါ်လာဘီလီယံ ၅၀ ကျော်ခဲ့သည်။ ထို့ပြင် ကွန်ပျူတာတင်ပို့မှုနှင့် ချည်မျှင်အထည်တင်ပို့မှုမှာလည်း ထွန်းသစ်စဈေးကွက်များမှ ဝယ်လိုအားကြောင့် လေးနှစ်အတွင်း ဆက်လက်မြင့်တက်ခဲ့သည်။

အမေရိကန်ဈေးကွက်မှ ဝယ်လိုအားကျမှုကြောင့် ၂၀၁၈ အတွင်း တောင်ကိုရီးယားမော်တော်ကားတင်ပို့မှု ၁ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ထို့ပြင် အမေရိကန်၏ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒကြောင့် သံမဏိပို့ကုန်မှာ သုည ဒသမ ၆၅ ကျဆင်းပြီး တရုတ်နှင့် လက်တင်အမေ ရိကမှ အမှာကျဆင်းသောကြောင့် ကားအပိုပစ္စည်းတင်ပို့မှု သုည ဒသမ ၁ ရာခိုင်နှုန်း ကျသည်။ စမတ်ဖုန်း စသည့်ဆက်သွယ်ရေးပစ္စည်းများ ပို့ကုန် ၂၂ ဒသမ ၆ ရာခိုင်နှုန်းကျပြီး အီလက်ထရွန်နစ်လူသုံးကုန်ပစ္စည်း ပို့ကုန် ၁၈ ဒသမ ၃ ရာခိုင်နှုန်းကျသည်။