လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂွမြို့၌ ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပ

လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂွမြို့၌ ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်အစိုးရနှင့် ဂွမြို့နယ် အား/ကာ ကော် မတီတို့ ပူးပေါင်းပြီး (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပထမအကြိမ် မီတာ ၅၀ဝ(၁၀)တက်လှော် ရိုးရာလှေပြိုင်ပွဲကို ဇန်နဝါရီ ၃ ရက်နှင့် ၄ ရက်တို့တွင် ဂွမြို့၌ကျင်းပခဲ့ရာ ချန်ပီယံဆုကို စိုးအောင် (ရွာမ)အသင်းက ဆွတ်ခူးခဲ့သည်။

တက်ရောက်

အဆိုပါပြိုင်ပွဲအား အသင်းပေါင်း(၁၁)သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ စိုးအောင်(ရွာမ)၊ သန်းထွေး (ရွာမ)၊ မောင် မောင်ညွန့် (ကင်းရုံး)၊ နှင်းအောင် (ကင်းရုံး)အသင်းတို့ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့ကြပြီး ဆီမီးဖိုင်နယ်ပွဲစဉ် များတွင် စိုးအောင်(ရွာမ)နှင့် သန်းထွေး(ရွာမ) အသင်းတို့ ဗိုလ်လုပွဲသို့တက်ရောက်ခဲ့ကြသည်။

ဗိုလ်လုပွဲတွင် စိုးအောင် (ရွာမ)အသင်းက သန်းထွေး (ရွာမ)အသင်းကို အနိုင်ယူ ဗိုလ်စွဲခဲ့သည်။   တတိယလုပွဲအဖြစ်  မောင်မောင်ညွန့် (ကင်းရုံး)နှင့် နှင်းအောင် (ကင်းရုံး)အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ မောင်မောင်ညွန့် (ကင်းရုံး)အသင်းက အနိုင်ရပြီး တတိယ ဆုဆွတ်ခူးနိုင်ခဲ့သည်။

ချီးမြှင့်

ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော စိုးအောင်(ရွာမ)အသင်းကို တစ်ဦးချင်းဆုတံဆိပ်များနှင့်အတူ ချန်ပီယံဆုဖလားနှင့် ဆုကြေးငွေကျပ် ခုနစ်သိန်းချီးမြှင့်ခဲ့သည်။ ထို့နောက် ဆုရရှိ ခဲ့ကြသောအသင်းများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် အတူ ဒုတိယရရှိသော သန်းထွေး(ရွာမ)အသင်းအား ဆု ကြေး ကျပ်လေးသိန်း၊ တတိယရရှိသော မောင်မောင်ညွန့် (ကင်းရုံး) အသင်းအား ဆုကြေးကျပ်တစ်သိန်းခွဲ ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

ထို့ပြင် ပြိုင်ပွဲကျင်းပရေးကော်မတီကလည်း ပထမဆု ကျပ် ငါးသိန်း၊ ဒုတိယဆုကျပ်သုံးသိန်းနှင့် တတိယဆု ကျပ်တစ်သိန်းတို့ကိုချီးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံလှေလှော်အဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက ပထမဆုကျပ်နှစ်သိန်း၊ ဒုတိယဆု ကျပ်တစ်သိန်းနှင့် တတိယဆုကျပ်ငါးသောင်း ထပ်ဆင့်ချီးမြင့်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး