မြန်မာမီဒီယာဂရု(ပ်)မှကြီးမှူး၍ လွတ်လပ် ရေးနေ့အထိမ်းအမှတ် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ နှင့် မြန်မာပြည်အမျိုးသမီးချန်ပီယံရွှေခါးပတ် လုပွဲကို တောင်ငူမြို့ ကေတုမတီခန်းမ၌ ဇန်န ဝါရီ ၄ ရက် မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
အထိမ်းအမှတ်
အဆိုပါလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲတွင် မျိုးဆက်သစ် တွဲဆိုင်းနှစ်ဆိုင်းနှင့် တွဲဆိုင်းငါးဆိုင်းယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ၅၅ ကီလိုတန်းတွင် စစ်မင်းက ငွေနန်းတော်ကို အလဲထိုးဖြင့် အနိုင်ရခဲ့သည်။
၆၂ ကီလိုတန်း တွင် နိုင်ဝင်းထွန်းက အောင်သက်ကိုအား လည်းကောင်း၊ ၆၅ ကီလိုတန်းတွင် ထိုင်းမှ ချိုင်းပူရီက လမ်းမယူကိုလည်းကောင်း၊ ၆၄ ကီလိုတန်းတွင် နေရူဘီက ထိုင်းမှ ဝိ့ထရာ ကိုလည်းကောင်း အနိုင်ရခဲ့ကြသည်။
ဆက်လက်ပြီး မျိုးဆက်သစ်သုံးချီစိန်ခေါ် ပွဲတွင် တေဇက နာဂစ်ကိုအနိုင်ရခဲ့ပြီး တိုက်ကျားက ဝါးဝါးကို အလဲထိုးဖြင့်အနိုင်ရခဲ့သည်။
ထို့နောက် မြန်မာပြည်အမျိုးသမီးချန်ပီယံ ရွှေခါးပတ်လုပွဲအဖြစ် ဘရော်နီကာနှင့် ထိုင်းမှ နောင့်အော်တို့ ယှဉ်ပြိုင်ခဲ့ရာ ဘရောနီကာက အနိုင်ရရှိပြီး ချန်ပီယံရွှေခါးပတ်ကို ဆွတ်ခူး နိုင်ခဲ့သည်။
အဆိုပါလွတ်လပ်ရေးနေ့အထိမ်း အမှတ်လက်ဝှေ့ပြိုင်ပွဲကို တောင်ငူမြို့၌ကျင်းပ ခဲ့သည်မှာ ခြောက်ကြိမ်မြောက် ရှိပြီဖြစ်သည်။















