မြန်မာနှင့် အိုမန်ယူ-၂၃လက်ရွေးစင်အသင်း ဇန်နဝါရီ ၇ရက်တွင် ခြေစမ်းမည်

မြန်မာနှင့် အိုမန်ယူ-၂၃လက်ရွေးစင်အသင်း ဇန်နဝါရီ ၇ရက်တွင် ခြေစမ်းမည်

အာဆီယံယူ-၂၂ပြိုင်ပွဲအတွက် အိုမန်နိုင်ငံ၌ ပြင်ဆင်လေ့ကျင့်လျက်ရှိသော မြန်မာယူ-၂၂အသင်းသည် ဇန်နဝါရီ ၇ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် အိုမန်ယူ-၂၃လက်ရွေးစင်အသင်းနှင့် Sultan Qaboos ကွင်း၌ ခြေစမ်းကစားမည်ဖြစ်သည်။

လေ့ကျင့်ခြေစမ်း

မြန်မာယူ-၂၂အမျိုးသား ဘောလုံးအသင်းသည် ဖေဖော်ဝါရီတွင် အာဆီယံယူ-၂၂ချန်ပီယံရှစ်ပြိုင်ပွဲ၊ မတ်တွင် အာရှယူ-၂၃ခြေစစ်ပွဲယှဉ်ပြိုင်ရမည်ဖြစ်၍ ကြိုတင်ပြင်ဆင်သည့် အနေဖြင့် အိုမန်နိုင်ငံ၌ လေ့ကျင့်ခြေစမ်းလျက်ရှိပြီး ထိုမှတစ်ဆင့် ကာတာနိုင်ငံတွင်လည်း လေ့ကျင့်ခြေစမ်းမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းတွင် အုပ်ချုပ်၊ နည်းပြ ၇ဦး နှင့် ကစားသမား ၂၀ဦး ပါဝင်ခဲ့ပြီး ဇန်နဝါရီလ ၇ရက်တွင် အိုမန် ယူ-၂၃ အသင်းနှင့် လည်းကောင်း၊ ဇန်နဝါရီ ၁၀ရက်တွင် ကာတာ ယူ- ၂၃ အသင်းနှင့်လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ကာတာယူ-၂၃အသင်းနှင့် ခြေစမ်းမည့် အချိန် နှင့် ကွင်းကိုမှု သိရှိရခြင်းမရှိသေးပေ။

စွမ်းဆောင်ပေး

မြန်မာယူ-၂၂အသင်းသည် ၂၀၁၉ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။မြန်မာယူ-၂၂အသင်းနည်းပြချုပ်အဖြစ် တာဝန်ယူလျက်ရှိသော ဦးကြည်လွင်သည် ပြီးခဲ့သည့် ၂၀၁၅ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအသင်းကို ဒုတိယရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။



ဖတ်ရှုမှုအများဆုံး