မောင်တောတွင် သိန်းခုနစ်ထောင်ကျော်ဖိုး စိတ်ကြွဆေးပြားများ ဖမ်းမိ

မောင်တောတွင် သိန်းခုနစ်ထောင်ကျော်ဖိုး စိတ်ကြွဆေးပြားများ ဖမ်းမိ

ရခိုင်ပြည်နယ် မောင်တောမြို့တွင် သိန်း ၇၇၆၁ ကျပ်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ကို သက်ဆိုင်ရာက ဇန်နဝါရီ ၅ ရက်နေ့က ဖမ်းဆီးရမိသည်။

အဆိုပါနေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် မောင်တောမြို့ မြို့မဈေးအတွင်းဖွင့်လှစ်ထားသည့် မောင်တောမြို့ အမှတ် (၄)ရပ်ကွက်နေ မိုဖာမက်ဆူဖိုက် ၃၃ နှစ်၏ဈေးဆိုင်ကို မူးယစ်ရဲတပ်ဖွဲ့စု (၄၆)နှင့် ပူးပေါင်းအဖွဲ့က မူးယစ်သတင်းအရ ဝင်ရောက်ရှာဖွေခဲ့သည်။ 
အဆိုပါဆိုင်၏ အနောက်ဘက် ပစ္စည်းသိုလှောင်ခန်းအတွင်းရှိ ဂျပ်ဖာများအတွင်းမှ အဝါရောင် ဖယောင်းစက္ကူများဖြင့်ပတ်ထားပြီး ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူး သွပ်ဆေးပြား ၃၈၈ဝ၅ဝ ပြား သိန်း ၇၇၆၁ ကျပ် ဖိုးခန့်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

မိုဖာမက်ဆူဖိုက်ကို မောင်တောမြို့မရဲစခန်းက မူးယစ်ပုဒ်မဖြင့် အမှုဖွင့်အရေးယူထားပြီးကွင်းဆက် ဖော်ထုတ်လျက်ရှိသည်။