လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသမီးကို နွားတင်းကုပ်အတွင်း တွေ့ရှိ

လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသမီးကို နွားတင်းကုပ်အတွင်း တွေ့ရှိ

လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသမီးတစ်ဦးကို ကျောက်တံခါးမြို့နယ်ရှိ နွားတင်းကုပ်တစ်ခုအတွင်း တွေ့ရှိမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက ဇန်နဝါရီ ၆ ရက်နေ့တွင် အမှုဖွင့်စုံစမ်းလျက်ရှိသည်။ 

အဆိုပါနေ့ နံနက် ၆ နာရီ အချိန်ခန့်က ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာအုပ် စု သူဌေးကုန်းအရှေ့ပိုင်းရှိ ဒေါ်ရာဂျ်မူနီး နေအိမ်ခြံဝင်း နွားတင်းကုပ်တွင် အမျိုးသမီးတစ်ဦး လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့်သေဆုံးကြောင်းသတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။ သေဆုံးသူမှာ ဒေါ်ရာဂျ်မူနီး၏ သမီးဖြစ်သူ မဆန်နီကား(ခ)မသီတာ (၃၁)နှစ်ဖြစ်သည်။
၎င်းသည် ဇန်နဝါရီ ၅ ရက်နေ့ ညပိုင်းတွင် မိခင်၊ ညီမဖြစ်သူတို့နှင့်အတူ သူဌေးကုန်းပွဲဈေးသို့ သွားရောက်ခဲ့ပြီး နေအိမ်သို့ ပြန်လာခဲ့သည်။ထို့နောက် ည ၈ နာရီ အချိန်ခန့်တွင် အသီသီး အိပ်ရာဝင်ခဲ့ရာ သေဆုံးသူက ၄င်းအိပ်သည့် နွားတင်းကုပ်အတွင်း အိပ်ရာဝင်ခဲ့သည်။ 
နောက်တစ်နေ့ နံနက်ပိုင်းတွင် ညီမဖြစ်သူက သွားရောက်နှိုးစဉ် ဝဲဘက်ပါးနှင့် လည်ပင်းတို့၌ ပြတ်ရှဒဏ်ရာများဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် မိခင်ဖြစ်သူက သက်ဆိုင်ရာသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။ 
ကျောက်တံခါးမြို့မရဲစခန်းက (ပ)၁၁/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့် စုံစမ်းလျက်ရှိသည်။