ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယာဉ်တစ်စီး မီးလောင်ကျွမ်းမှု ဇန်နဝါရီ ၆ ရက်နေ့ကဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်း ရန်ကုန် ဘက်သို့ လှိုင်မြို့နယ်နေ စည်ပင်သာယာရေး ကော်မတီမှ ဒုဦးစီးမှူး ဦး---- မောင်းနှင်ပြီး အမျိုးသမီးတစ်ဦးလိုက်ပါလာသည့် IPSUM ခဲရောင်ယာဉ်သည် မိုင်တိုင်အမှတ် ၁၀၉/၆ နှင့်၁၀၉/ ၇ အကြားအရောက် ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ခဲ့ခြင်းဖြစ်သည်။
ယာဉ်မီးလောင်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူများထိခိုက်မှုမရှိသော်လည်း ယာဉ်မှာမီး လောင်ပျက်စီးခဲ့သည်။
မီးလောင်မှုကို အမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နာရီဝက်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး ယာဉ်မောင်းနှင်သူကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။
ဖြူးအမြန်လမ်းမကြီး ရဲစခန်းက (ပ)၃၀/၁၉ ရာဇသတ်ကြီးပုဒ်မ -၂၈၅ အရ အမှုဖွင့် အရေးယူထားသည်။

















