မြန်မာ့ရိုးရာနွားပြိုင်ပွဲ၊ နွားသိုးအလှပြိုင်ပွဲနှင့် နွားအလှပြေးပြိုင်ပွဲ စလင်း လင်းဇင်းကျေးရွာတွင် ကျင်းပ

မြန်မာ့ရိုးရာနွားပြိုင်ပွဲ၊ နွားသိုးအလှပြိုင်ပွဲနှင့် နွားအလှပြေးပြိုင်ပွဲ စလင်း လင်းဇင်းကျေးရွာတွင် ကျင်းပ

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အောင်ပွဲ အထိမ်းအမှတ် မြန်မာ့ ရိုးရာနွားပြိုင်ပွဲ၊ နွားသိုး အလှပြိုင်ပွဲနှင့် နွားအလှပြေးပြိုင်ပွဲကို မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်း ဦးစီးမှူး၏ ညွှန်ကြားချက်အရ စလင်းမြို့နယ် မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာနနှင့် လင်းဇင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်း စီစဉ်မှုဖြင့် ဇန်နဝါရီ ၁ ရက်မှ ၅ ရက်အထိ စလင်းမြို့နယ် လင်းဇင်း ကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဆုချီးမြှင့်

မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးဝင်းမော်ဌေးသည် မကွေးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆန်း၊ စလင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးဝင်းမောင်၊ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန တိုင်းဦးစီးမှူး ဒေါက်တာမောင်မောင်စိုးဦး၊ မင်းဘူးခရိုင်ဦးစီးမှူး ဒေါက်တာအောင်ကျော်မိုး အပါအဝင် တာဝန်ရှိသူများနှင့်အတူ ဇန်န ဝါရီ ၄ ရက် နံနက်ပိုင်းက စလင်းမြို့နယ် လင်းဇင်းကျေးရွာ၌ ကျင်းပ လျက်ရှိသော မြန်မာ့ရိုးရာနွားအလှပြိုင်ပွဲသို့ ကြည့်ရှုအားပေးသည်။

ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသူများအား ဝန်ကြီးနှင့် တာဝန်ရှိသူ များက ဆုများချီးမြှင့် ပေးအပ်ခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး