၂၀၁၆ ခုနှစ်က တူရကီတွင် မအောင်မြင်သည့်အာဏာသိမ်းမှုနောက်ကွယ်၌ရှိသည်ဆိုသည့် အမေရိကန်အခြေစိုက် ဖာတာဂူလန် ဘာသာရေးကွန်ရက်နှင့် ဆက်သွယ်ခဲ့မှု သံသယဖြင့် တူရကီစစ်သား ၁၀ဝ ကိုထိန်းသိမ်းရန် အစိုးရရှေ့နေများက ညွန်ကြားခဲ့သည်။
ယင်းစစ်သားများနှင့် ဖာတာဂူလန်ကွန်ရက်အကြား အများသုံးဖုန်းဖြင့်ဆက်သွယ်မှုများကို စုံစမ်းစစ်ဆေးခဲ့ပြီး စစ်သည်များကို ထိန်းသိမ်းရန်ဆုံးဖြတ်ခဲ့ခြင်းဟုဆိုသည်။
ဖာတာဂူလန်က ပါဝင်ပတ်သက်မှုမပြုဟု ငြင်းဆိုထားသည့် ၂၀၁၆ အာဏာသိမ်းဖြစ်စဉ်တွင် လူ ၂၅၀ သေဆုံးခဲ့ရပြီး တူရကီအစိုးရက လူ ၇၇၀ဝ၀ ကျော်ကို ဖမ်းဆီးစစ်မေးခဲ့ပြီး စစ်မှုထမ်းနှင့် အရပ်ဘက်ဝန်ထမ်း ၁၅၀ဝ၀ဝ တာဝန်မှဆိုင်းငံ့ခံခဲ့ရသည်။
တူရကီသမ္မတ တေးရစ်အာဒိုဂမ်သည် သဘောထားကွဲလွဲသူများကို ယိုးမယ်ဖွဲ့၍ နှိမ်နင်းရန်ကြိုးပမ်းမည်ကို စိုးရိမ်ကြောင်း မဟာမိတ်အနောက်တိုင်းအစိုးရများနှင့် လူ့အခွင့်အရေးအုပ်စုများက ပြောဆိုထားသည်။

















