သမ္မတမာဒူရို၏ ဒုတိယသက်တမ်းကိုကန့်ကွက်သောအားဖြင့် ဗင်နီဇွဲလားတရားရုံးချုပ် တရားသူကြီး အမေရိကန်သို့ ထွက်ပြေး

သမ္မတမာဒူရို၏ ဒုတိယသက်တမ်းကိုကန့်ကွက်သောအားဖြင့် ဗင်နီဇွဲလားတရားရုံးချုပ် တရားသူကြီး အမေရိကန်သို့ ထွက်ပြေး

သမ္မတနီကိုလက်စ် မာဒူရို၏ သမ္မတဒုတိယသက်တမ်းထမ်းဆောင်မှုကို ကန့်ကွက်သောအားဖြင့် ဗင်နီဇွဲလားတရားရုံးချုပ် တရားသူကြီးခရစ်ရှန် ဇာပါသည် အမေရိကန်ပြည်ထောင်စုသို့ ထွက်ပြေးခိုလှုံခဲ့သည်။ 

ပြီးခဲ့သည့်နှစ် ဗင်နီဇွဲလားရွေးကောက်ပွဲသည် မမျှတ၊ တစ်ဖက်သတ်ဆန်သော ရွေးကောက်ပွဲဖြစ်သည်ဟု ယခင်ကသမ္မတမာဒူရို၏ ဘက်တော်သား  ဖြစ်ခဲ့ဖူးသူ တရားသူကြီးဇာပါက ပြောသည်။ 
သမ္မတမာဒူရိုသည် တရားရုံးချုပ်၏ လုပ်ငန်းစဉ်များကို လွှမ်းမိုးချယ်လှယ်နိုင်ရန် အားထုတ်ခဲ့သည်ဟုလည်း မစ္စတာဇာပါက စွပ်စွဲပြောကြားထားသည်။ 
    ဗင်နီဇွဲလားတရားရုံးချုပ်ကမူ မစ္စတာဇာပါသည် လိင်အမြတ်ထုတ်မှု စွဲချက်များကိုရှောင်ရှားနိုင်ရန် အမေရိကန်သို့ ထွက်ပြေးခြင်းဖြစ်သည်ဟု တုံ့ပြန်စွပ်စွဲထားသည်ကိုတွေ့ရသည်။ အတိုက်အခံ နိုင်ငံရေးပါတီများကလည်း ၂၀၁၈ ခုနှစ် ဗင်နီဇွဲလားရွေးကောက်ပွဲကို အတုအယောင်ဟုစွပ်စွဲကာသပိတ်မှောက်ခဲ့ကြသည်။ 
    တရားရုံးချုပ်သည် သမ္မတမာဒူရို၏ အမိန့်အောက်သို့ ရောက်နေကြောင်း၊ သမ္မတသည်  တရားသူကြီးများကို အမိန့်ပေးခိုင်းစေနေကြောင်းဖြင့် မစ္စတာဇာပါက စွပ်စွဲပြောကြားထားသည်။ 
၂၀၁၈ ရွေးကောက်ပွဲကို ယခင်ကလူသိထင်ရှား မရှုတ်ချခဲ့ခြင်းမှာ ၎င်းနှင့် မိသားစုအမေရိကန်သို့ ဘေးကင်းစွာထွက်ခွာနိုင်စေရန်ဖြစ်ကြောင်းလည်း မစ္စတာဇာပါကဆိုသည်။ 
    သမ္မတမာဒူရိုသည် ဇန်နဝါရီ ၁၀ ရက်တွင် ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ် မေလကကျင်းပခဲ့သော ရွေးကောက်ပွဲ၌ သမ္မတမာဒူရိုအနိုင်ရခဲ့ခြင်းကို ကန့်ကွက်ရှုတ်ချသောအားဖြင့် ၁၄ နိုင်ငံကသံတမန်များကို ပြန်ခေါ်ယူခဲ့ကြသလို၊ အမေရိကန်ကလည်း စီးပွားဆန်ရှင်အသစ်များ ထပ်မံချမှတ်ခဲ့သည်ကိုတွေ့ရသည်။