ထားဝယ်မြစ်အတွင်းလေ့လာရေးအဖြစ်ပို့ဆောင်သည့်ခရီးစဉ်မှာစီးနင်းသူနည်းပါးပြီး အလုပ် မဖြစ်သေးကြောင်း မြစ်ကြောင်းသွားခရီးစဉ်ပို့ဆောင်နေသည့် ကျားဖြူလေးကုမ္ပဏီမှ သိရသည်။
ယာယီရပ်နားထား
ထားဝယ်မြစ်အတွင်းရှုခင်းများ ကြည့်ရှုနိုင်ရန် ခရီးသည်တစ်ဦးကို တစ်နာရီလျှင် ပျမ်းမျှကျပ် ၄၀ဝ၀ နှုန်းဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၂ ရက်ကစတင်ပြေးဆွဲခဲ့ပြီး ဒီဇင်ဘာလလယ်ပိုင်းမှစကာ လုပ်ငန်းယာယီရပ်နားထားရကြောင်း ယင်းကုမ္ပဏီပိုင်ရှင် ဦးမျိုးအေးကပြောဆိုသည်။
ပြေးဆွဲခဲ့သည့် အထက်ပါကာလတွင် မြစ်ကြောင်းအတွင်း ခရီးဝေးလေးခေါက်နှင့်ခရီးတို ငါးခေါက်ခန့်သာ ပြေးဆွဲခဲ့ရကြောင်း သိရသည်။
ခရီးစဉ်အောင်မြင်စေချင်
"ခရီးသည်အရနည်းနေတာက အကြောင်းရင်းမသိဘူးဖြစ်နေတယ်။ မြစ်တွင်းခရီးစဉ်ကို ဖြစ်မြောက်အောင်မြင်စေချင်တယ်"ဟု ဦးမျိုးအေးက ပြောဆိုသည်။ လက်ရှိတွင် ယာယီရပ်နား ထားသော်လည်း လာမည့်ဖေဖော်ဝါရီလအတွင်း ပြန်လည်ပြေးဆွဲ မည်ဖြစ်သည်။
သတ်မှတ်ထား
အဆိုပါခရီးစဉ်အတွက် ခရီးသည်တစ်ဦး စီးနင်းခနှုန်းထားများမှာ ထားဝယ်မြို့အနီးဝန်းကျင် သွားလာလည်ပတ်ပါက တစ်နာရီလျှင် ကျပ် ၄၀ဝ၀ နှုန်း၊ ရေဖြူမြို့အထိ နေ့တစ်ဝက်ခရီးစဉ်ကို ကျပ် ၁၅၀ဝ၀၊ ကျောက်နီမော်ဘက်သွားပါက ပျမ်းမျှ ကျပ် ၂၀ဝ၀ဝ နှုန်းသတ်မှတ်ထားကြောင်း သိရသည်။















