လိဂ်ဖလားသာ ဦးစားပေးပစ်မှတ်ဟု ရှမ်းနည်းပြချုပ် ဦးမင်းသူ ဖွင့်ဟ

လိဂ်ဖလားသာ ဦးစားပေးပစ်မှတ်ဟု ရှမ်းနည်းပြချုပ် ဦးမင်းသူ ဖွင့်ဟ

ယခုနှစ်ကွင်းဖွင့်ဖလားကို ပူပူနွေးနွေးရယူ ထားသည့် ရှမ်းယူနိုက်တက်အသင်း ၂၀၁၉ ခုနှစ်ရာသီတွင် ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲသုံးရပ် အနက် နေရှင်နယ်လိဂ်ဖလားချန်ပီယံဖြစ်ရေး ကိုသာ ပို၍အာရုံစိုက်မည်ဖြစ်ကြောင်း နည်းပြ ချုပ် ဦးမင်းသူက ဖွင့်ဟပြောဆိုခဲ့သည်။

ဦးစားပေး

၂၀၁၉ ခုနှစ်ဘောလုံးရာသီတွင် ရှမ်းယူနိုက် တက်အသင်းသည် နေရှင်နယ်လိဂ်၊ ဗိုလ်ချုပ် အောင်ဆန်းဒိုင်းနှင့် အေအက်ဖ်စီဖလားပြိုင်ပွဲ တို့ကို ယှဉ်ပြိုင်ရမည်ဖြစ်ရာ ယင်းပြိုင်ပွဲသုံးရပ် အနက် နေရှင်နယ်လိဂ်ဖလားကို ဦးစားပေး ပစ်မှတ်အဖြစ် နည်းပြချုပ် ဦးမင်းသူက ဆန္ဒ ပြင်းပြလျက်ရှိသည်။ "ဒီရာသီမှာ နေရှင်နယ် လိဂ်ဖလားကိုရယူဖို့က ကျွန်တော့်ရဲ့ ဦးစား ပေးပစ်မှတ်ပါ။ ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းကိုလည်း ပြန်လည်ရယူဖို့ ဆန္ဒပြင်းပြပါတယ်။ အေအက်ဖ်စီပြိုင်ပွဲမှာ အောင်မြင်မှုတွေရရှိ ဖို့ကတော့ ဒီထက်အများကြီး ကြိုးစားရပါဦး မယ်"ဟု ၎င်းက ပြောဆိုခဲ့သည်။

ခွန်အား

ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ရာသီက နေရှင်နယ်လိဂ်ချန်ပီယံဆုနှင့် ဗိုလ်ချုပ် အောင်ဆန်းဒိုင်းဆုများကို ပြိုင်ဘက် ရန်ကုန် ယူနိုက်တက်ထံသို့ လွဲပြောင်းပေးခဲ့ရသည်။ ထို့နောက် ယခုနှစ်ရာသီတွင် အောင်မြင်မှုများ ပြန်လည်ရယူရန် ပြင်ဆင်မှုကောင်းများပြုလုပ် ခဲ့ရာ ပွဲဦးထွက်ရာသီကြိုကွင်းဖွင့်ဖလားကို ဇန်နဝါရီ ၆ ရက်က ရရှိခဲ့သည်။ ယခုကဲ့သို့ ပွဲဦးထွက် ဆုဖလားပိုင်ဆိုင်နိုင်ခဲ့ခြင်းက လာမည့်ပြိုင်ပွဲများအတွက် ခွန်အားတစ်ရပ် ဖြစ်စေကြောင်း ရှမ်းယူနိုက်တက် ဂိုးသမား သီဟစည်သူက ဖွင့်ဟခဲ့သည်။

ချေဖျက်

"ချာရတီ(ကွင်းဖွင့်)ဖလားရရှိခဲ့လို့ အတော် လေးကျေနပ်မိပါတယ်။ ပြီးခဲ့တဲ့နှစ် ချာရတီ ဖလားမှာတုန်းက ရှုံးခဲ့တော့ ရာသီအစမှာပဲ ယုံကြည်မှုယိုင်ခဲ့ရတယ်။ အခုရာသီမှာတော့ ဒါကိုပြန်ပြီး ချေဖျက်နိုင်ပါပြီ။ လာမယ့်ပြိုင်ပွဲ တွေအတွက် ပိုပြီးခွန်အားဖြစ်စေပါတယ်"ဟု ပြောဆိုခဲ့သည်။ ရန်ကုန်နှင့် ရှမ်းအသင်းတို့သည် ကွင်းဖွင့် ဖလားပြိုင်ပွဲတွင် တစ်ဂိုးစီ သရေကျနေ၍ ပင် နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ သီဟစည်သူသည် ကြည်လင်းနှင့် ကိုဆူကီတို့၏ ကန်သွင်းမှုများကို လက်စွမ်းပြကာကွယ်နိုင်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး