သဲကားပေါ်မှ သဲများသွန်ချစဉ် သဲတင်လုပ်သားတစ်ဦး သဲပိသေဆုံး

သဲကားပေါ်မှ သဲများသွန်ချစဉ် သဲတင်လုပ်သားတစ်ဦး သဲပိသေဆုံး

တိုက်ကြီးမြို့နယ်တွင် သဲကားပေါ်မှ သဲများသွန်ချစဉ် သဲတင်လုပ်သားတစ်ဦး သဲပိသေဆုံးခဲ့မှု ဇန်နဝါရီ ၆ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် တိုက်ကြီး အဖျောက်မြို့အုန်းပင်ကွင်းကျေရွာအုပ်စုအေးရွာ နေယာဉ်မောင်းမျိုးကြီး(ခ)မျိုးမင်းထွေး(၂၁ နှစ်)မောင်းနှင်သည့် သဲတင်ယာဉ်သည် ရွာသာကျေးရွာရှိ "ကောင်းစံ"သဲကွင်းမှ သဲများကိုတင်ဆောင်၍ ယာဉ်ပေါ်တွင် အလုပ်သမားများဖြစ် သည့် တာကြီးတန်းနေ ကရင်(ခ)ဗဒင် ၊အေးနန္ဒာဝင်း မသန်းမာဝင်း နှင့် မဝင်းရွှေ တို့ကို ခေါ်ဆောင်ကာ ဆင်နင်းရိုးလမ်းမပေါ်ရှိချိုင့်ခွက်များကို ဖြည့်တင်းရန်ထွက်ခွာခဲ့သည်။ 
အဆိုပါနေရာ အရောက် တင်ဆောင်လာသည့် သဲများကိုဟိုက်ဒရောလစ်ဖြင့် သွန်ချစဉ် ယာဉ်ပေါ်တွင်လိုက်ပါလာသည့်အလုပ်သမားကရင်(ခ)ဗဒင်(၂၅)နှစ် မှာသဲများနှင့်အတူ ပါသွားခဲ့ပြီး သဲပိ၍သေဆုံးခဲ့သောကြောင့်ယာဉ်မောင်းမျိုးကြီး(ခ)မျိုးမင်းထွေးကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ဖိုးခေါင်နယ်မြေရဲစခန်းက(ပ)၄/၁၉ရာဇသတ်ကြီးပုဒ်မ၃၀၄(က)အရ အမှု့ဖွင့်အရေးယူထားသည်။