မိုးယွန်းကြီးအင်းဘေးမဲ့တော၌ ပြည်ပခရီးသည်အဝင်နည်း

မိုးယွန်းကြီးအင်းဘေးမဲ့တော၌ ပြည်ပခရီးသည်အဝင်နည်း

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်နှင့်ဝေါမြို့ နယ်အတွင်းရှိ မိုးယွန်းကြီးအင်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောသို့ ၂၀၁၈ ခုနှစ် တစ်နှစ် တာကာလအတွင်း ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၂၀၁၇ ခုနှစ် တစ်နှစ်တာကာလ ဝင်ရောက်မှုထက် လျော့နည်းခဲ့သည်။

ပိုမိုများပြား

၂၀၁၈ ခုနှစ်တစ်နှစ်တာကာလအတွင်း မိုးယွန်းကြီးအင်းသို့ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၄၇၄ ဦး ရှိခဲ့ပြီး၂၀၁၇ ခုနှစ် ကပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှု ၆၆၈ ဦးအထိ ရှိခဲ့သည်။ လွန်ခဲ့သည့် တစ်နှစ်တာ ကာလအတွင်း ပြည်ပခရီးသွားဧည့်သည်ဝင် ရောက်မှုလျော့နည်းခဲ့သော်လည်း ပြည်တွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ၂၀၁၇ ခုနှစ်က ၇၃၇၇၇ ဦးရှိခဲ့ပြီး၂၀၁၈ ခုနှစ်တွင် ၈၈၁၂၅ ဦးရှိခဲ့ခြင်းကြောင့် ဝင်ရောက်မှုပိုမို များပြားခဲ့သည်။

အဆိုပါအင်းသည် ဧရိယာစတုရန်းမိုင် ၄၀၊ (ဧက ၂၅၆၀ဝ)ကျယ်ဝန်း၍ ၁၉၈၈ ခုနှစ် ဧပြီ ၂၂ ရက်တွင် မိုးယွန်းကြီးအင်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအဖြစ် စတင်သတ်မှတ် ခဲ့ခြင်းဖြစ်သည်။

မိုးယွန်းကြီးအင်းအတွင်းသို့ နှစ်စဉ် နိုဝင် ဘာလဆန်းပိုင်းမှစတင်ကာ ဆောင်းခိုငှက်များ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်အထိ ဆောင်းခိုငှက် ၃၆ မျိုး၊ ဌာနေငှက် မျိုး ၇၀ စုစုပေါင်း ငှက်မျိုးစိတ် ၁၀၆ မျိုးမှ ငှက်ကောင်ရေ ၁၀၇၃၆ ကောင် ကျရောက် ကျက်စားလျက်ရှိကြောင်း မိုးယွန်း ကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအုပ် ချုပ်ရေးမှူးရုံးမှ တောအုပ်ကြီး ဦးစိုင်းဝဏ္ဏကြည် က ပြောဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး