အာဖဂန်နစ္စတန်အရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ထရမ့်နှင့်မိုဒီ ဆွေးနွေး

အာဖဂန်နစ္စတန်အရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ထရမ့်နှင့်မိုဒီ ဆွေးနွေး

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီတို့သည် ဇန်နဝါရီ ၇ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး ကုန်သွယ်ရေးနှင့် အာဖဂန်နစ္စတန်အရေးတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း အမေရိကန်နှင့် အိန္ဒိယမဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ပြီး အိန္ဒိယနှင့် အမေရိကန် အပြန်အလှန်ကုန်တင်ပို့မှုတွင် အမေရိကန်က တင်ပို့မှုနည်းပါးနေသေးခြင်းကို လျှော့ချကာ အင်ဒို-ပစိဖိတ်ဒေသတွင်း လုံခြုံရေးတိုးမြှင့်ရန်နှင့် အာဖဂန်နစ္စတန်အရေးတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ခေါင်းဆောင်များက သဘောတူညီခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
    ထရမ့်သည် အမေရိကန်ပြည်ထောင်စုထုတ်လုပ်ရေး လုပ်ငန်းများတွင် အလုပ်အကိုင်နေရာပိုမိုများပြားလာရေးနှင့် အမေရိကန်၏ပို့ကုန်ရငွေနည်းပါးနေခြင်းကိုလျှော့ချရန်တို့အတွက် အိန္ဒိယမှ တင်ပို့သော သံမဏိနှင့် အလျူမီနီယံတို့အပေါ် သွင်းကုန်ခွန်များ တိုးမြှင့်ကောက်ခံခဲ့သည်။ 
အိန္ဒိယကတည်း တုံ့ပြန်မည်ဟုပြောဆိုထားသော်လည်း ယခုလအကုန်ပိုင်းအထိ အရေးယူဦးမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
    အာဖဂန်နစ္စတန်ရှိ အမေရိကန်စစ်သည် ၁၄၀ဝ၀ အနက် ၅၀ဝ၀ ကျော်ကို ပြန်လည်ခေါ်ယူရန် ထရမ့်က စီစဉ်နေသည်။