ဇလွန်မြို့နယ်အတွင်း  ပြောင်းစိုက်ခင်းများ၌  ငမြှောင်တောင်ပိုး  ကျရောက်

ဇလွန်မြို့နယ်အတွင်း  ပြောင်းစိုက်ခင်းများ၌  ငမြှောင်တောင်ပိုး  ကျရောက်

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်ရှိ ကျေးရွာများတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ တတိယပတ်မှစတင်၍ အစေ့ထုတ်ပြောင်းစိုက်ခင်းများ အတွင်း ငမြှောင်တောင်ပိုးများ ကျရောက်၍ စိုက်ခင်းများပျက်စီးနေ ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ပိုးသတ်ဆေးဖြန့်ဝေပေး

" သိသိချင်းမှာပဲ ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းရေးလုပ်ငန်း တွေကို ဒေသများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီးပြီ။ လက်တွေ့စနစ် တကျ သရုပ်ပြဆေးဖျန်းအသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ ပြီးပါပြီ။ ဧက ၅၀ ကျော်အတွက် ပိုးသတ်ဆေးတွေကိုလည်း တောင် သူတွေရဲ့ လက်ဝယ်ပေးအပ်ခဲ့ပါတယ်၊" ဟု ဇလွန်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ရီရီမြင့်က ပြောဆိုသည်။

အနည်းငယ်လျော့နည်းလာ

ဇလွန်မြို့နယ်အတွင်း ငမြှောင်တောင်ပိုးကျရောက်နေသည့် အစေ့ ထုတ်ပြောင်းစိုက်ခင်းမှာ စုစုပေါင်း ၅၇ ဧကခန့်ရှိပြီး တောင်သူများက ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများ လုပ်ဆောင်မှုကြောင့် ဇန်နဝါရီ ၆ ရက်တွင် အနည်းငယ်လျော့နည်းလာကြောင်း သိရသည်။

စုပေါင်းနှိမ်နင်း

" ကျန်ခဲ့တဲ့လကတည်းက ငမြှောင်တောင်ပိုးတွေကျနေတာပါ။ အခုလည်း ကျနေတုန်းပါပဲ။ ကျွန်တော်တို့ သိသလောက်တော့ စုပေါင်း နှိမ်နင်းခြင်းတွေ လုပ်နေပါတယ်။ ရွာချင်းဆက်၊ လယ်ချင်းဆက်လယ်တွေ မှာလည်း ငမြှောင်တောင်ပိုးတွေကျနေတာပါ။ ပိုးကျတာကြောင့် အပင် တွေရော၊ အနှံတွေပါ အကုန်ပျက်စီးကုန်ပါတယ်" ဟု ဇလွန်မြို့နယ် ဒေါ်ငြိမ်းကုန်းကျေးရွာမှ ဒေသခံတောင်သူ ဦးထွန်းလှိုင်က ရှင်းပြသည်။

ရေလဲကျေးရွာအုပ်စု ဒေါ်ငြိမ်းကုန်းကျေးရွာရှိ စက်ရေတင်စနစ်ဖြင့် စိုက်ပျိုးထားသည့် အစေ့ထုတ်ပြောင်းစိုက်ခင်းများတွင်လည်း ငမြှောင် တောင်ပိုးကျရောက်နေပြီး စိုက်ပျိုးရေးဦးစီးဌာနက ဖြန့်ဝေပေးသည့် အလန်းပိုးသတ်ဆေး၊ ဗိုက်တာနမ်ချပ်ကူပိုးသတ်ဆေးများကို စနစ်တကျ ဖျော်စပ်၍ ပက်ဖျန်းနှိမ်နင်းလျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး