ယာဉ်နှစ်စီးကျော်တက်မောင်းနှင်စဉ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ နှစ်ဦးသေ၊လေးဦးဒဏ်ရာရ

ယာဉ်နှစ်စီးကျော်တက်မောင်းနှင်စဉ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ နှစ်ဦးသေ၊လေးဦးဒဏ်ရာရ

ကျောင်းကုန်းမြို့နယ်တွင် ယာဉ်နှစ်စီးကျော်တက်မောင်းနှင်စဉ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ နှစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့မှု ဇန်နဝါရီလ ၇ ရက်နေ့က ဖြစ်ပွားခဲ့သည်။ 

အဆိုပါနေ့ နံနက်၂ နာရီ ၁၀ မိနစ်တွင် ကျောင်းကုန်းမြို့နယ် အဝစုကျေးရွာအနီး ရန်ကုန်-ပုသိမ် ကားလမ်း မိုင်တိုင်(၇၁/၁-၂)ကြား၌ ယာဉ်မောင်းတစ်ဦးနှင့်ယာဉ်နောက်လိုက်တစ်ဦးလိုက်ပါလာပြီး ရန်ကုန်ဘက်မှ ပုသိမ်ဘက်သို့ မောင်းနှင်သောNissan(၆)ဘီးယာဉ်နှင့် လားရာတူနောက်မှ မောင်းနှင်ပြီး ယာဉ်မောင်း၊ယာဉ်နောက်လိုက်နှင့် ခရီးသည် ၁၅ ဦး လိုက်ပါလာသော မန်းရာဇာ ခရီးသည်တင်ယာဉ်တို့ ကျော်တက်စဉ် တိုက်မိခဲ့ခြင်းဖြစ်သည်။ 
ယာဉ်တိုက်မှုကြောင့် Nissan(၆)ဘီးယာဉ်မောင်းနှင့် ခရီးသည်တင်ယာဉ်ပေါ်ပါ ယာဉ်နောက်လိုက်တို့သေဆုံးခဲ့ပြီး Nissan(၆)ဘီးယာဉ်နောက်လိုက်နှင့် ခရီးသည်သုံးဦးတို့ ဒဏ်ရာများ ရရှိခဲ့သည်။
ထို့ကြောင့် ခရီးသည်တင်ယာဉ်မောင်း မြင့်လှိုင်ကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။ 
ကျောင်းကုန်းမြို့မ ရဲစခန်းက ယာဉ်(ပ)၄/၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူထားသည်။