၀ရိန်ဆော်ရာမှ ယာဉ်နှစ်စီး မီးကူးစက်လောင်

၀ရိန်ဆော်ရာမှ ယာဉ်နှစ်စီး မီးကူးစက်လောင်

ဘောဂသီရိကားဝင်းအတွင်း ဝရိန်ဆော်ရာမှ ယာဉ်နှစ်စီး မီးကူးစက်လောင်မှု ဇန်နဝါရီလ ၇ ရက် နေ့ကဖြစ်ပွားခဲ့သည်။ 

အဆိုပါနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ပျဉ်းမနားမြို့နယ် ဘောဂသီရိကားဝင်းအတွင်းရှိ “ဆန်းလိုက်” ကားဆေးဘော်ဒီဆိုင်တွင် ဆိုင်အလုပ်သမား ကိုဝေ (၂၄ နှစ်)က ဆိုင်ရှေ့ တွင် ရပ်ထားသည့် ဟီးနိုးခြောက်ဘီးယာဉ်ကို ဝရိန်ဆော်နေရာမှ မီးလောင်ကျွမ်းခဲ့သည်။ 
ယာဉ်မီးလောင်ကျွမ်းမှုကြောင့် အနီးတွင် ရပ်တန့်ထားသော မှန်လုံယာဉ်ကို မီးကူးစက်လောင် ကျွမ်းခဲ့သည်။ 
ပျဉ်းမနားမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးက မီးသတ်ယာဉ်သုံးစီးဖြင့် ယာဉ်မီးလောင်ရာသို့ သွားရောက်ကာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး မွန်းလွဲ ၂ နာရီ မိနစ်၂၀ အချိန်တွင် မီးငြိမ်းခဲ့သည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ ဆိုင်အလုပ်သမား ကိုဝေ(၂၄)နှစ်ကို ပျဉ်းမနားမြို့မ ရဲစခန်းက (ပ) ၁၁/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူထားသည်။