အိုမန်ကိုရှုံးခဲ့သည့် မြန်မာယူ-၂၂ ကာတာနှင့်ထပ်မံခြေစမ်းမည်

အိုမန်ကိုရှုံးခဲ့သည့် မြန်မာယူ-၂၂ ကာတာနှင့်ထပ်မံခြေစမ်းမည်

အာဆီယံယူ-၂၂ ပြိုင်ပွဲအတွက် ပြင်ဆင်လေ့ကျင့်လျက် ရှိသော မြန်မာ ယူ-၂၂အသင်းသည် ဇန်နဝါရီ ၇ ရက် မြန်မာ စံတော်ချိန်ည ၇ နာရီ ၁၅ မိနစ်တွင် အိုမန်ယူ-- ၂၃ လက်ရွေး စင်အသင်းနှင့်   Sultan Qaboos  ကွင်း၌ ခြေစမ်းကစားခဲ့ရာ တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

ရှုံးနိမ့်

မြန်မာယူ-၂၂ အသင်းသည် အိုမန်အသင်းအား ပထမပိုင်း ပြီးချိန်အထိ ဂိုးမရှိသရေကစားနိုင်ခဲ့သော်လည်း ဒုတိယပိုင်း ၅၈ မိနစ်တွင် အာဆက်က အိုမန်အသင်းအတွက် တစ်လုံး တည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။ မြန်မာ ယူ--၂၂ အသင်းသည် ဒုတိယခြေစမ်းပွဲကစားရန်အတွက် ကာတာနိုင်ငံ သို့ ဇန်နဝါရီ ၈ ရက်က ထွက်ခွာခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်တွင် ကာတာ ယူ--၂၃ အသင်းနှင့် ခြေစမ်းဦးမည်ဖြစ်သည်။

ကြိုတင်ပြင်ဆင်

မြန်မာယူ-၂၂ အမျိုးသားဘောလုံးအသင်းသည် ဖေဖော် ဝါရီတွင် အာဆီယံယူ-၂၂ ချန်ပီ ယံရှစ်ပြိုင်ပွဲ၊ မတ်တွင် အာရှ ယူ--၂၃ ခြေစစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်၍ ကြိုတင်ပြင်ဆင်သည့် အနေဖြင့် အိုမန်နှင့် ကာတာ ယူ--၂၃ အသင်းတို့နှင့် ခြေစမ်း ခြင်းဖြစ်သည်။



ဖတ်ရှုမှုအများဆုံး