Phishing ဟာအွန်လိုင်းတိုက်ခိုက်မှု နည်းလမ်းဟောင်းတွေထဲကတစ်ခုဖြစ်ပါတယ်။သင့်ကိုယ်ရေးအချက်အလက်တွေကိုရယူဖို့အခြားလူအယောင်ဆောင်ပြီးလိမ်ညာလှည့်ဖျားတဲ့သူတွေကိုခေါ်တာဖြစ်ပါတယ်။
ဒီလူတွေ အသုံးပြုတဲ့ နည်းလမ်းတွေကလည်းခေတ်မီလာပြီး ကျွန်ုပ်တို့ အွန်လိုင်းမှာပြောဆိုဆက်သွယ်တာတွေနဲ့ အွန်လိုင်းဝန်ဆောင်မှု အသုံးပြုပုံတွေကိုမျက်ချေမပြတ် စောင့်ကြည့်ပြီးscam တွေနဲ့ မဟုတ်မမှန်တဲ့ သတင်းတွေကလည်းယုံချင်စရာဖြစ်လာပါတယ်။
Phishing လုပ်ရာမှာသုံးလို့ရတဲ့နည်းတွေကတော့ စာသားမက်ဆေ့တွေ၊ email ၊ လူမှုကွန်ရက် profile တွေ၊ post တွေ၊ မက်ဆေ့တွေနဲ့ website အတုတွေဖြစ်ပါတယ်။ ပုံမှန်အားဖြင့် လိမ်လည်သူဟာယုံကြည်ရတဲ့ကုမ္ပဏီကသူတစ်ယောက်၊သို့မဟုတ်သင်သိကျွမ်းတဲ့သူတစ်ယောက်ဟန်ဆောင်ပြီးသင့် password တို့ credit card နံပါတ်တို့ကိုရယူဖို့ကြိုးစားပါတယ်။ ဒီအချက်အလက်တွေရတာနဲ့ သူတို့အကျိုးအတွက် သူတို့ ကြိုးစားတော့မှာဖြစ်ပါတယ်။
Phishing လုပ်တဲ့နည်းလမ်းအများစုဟာလူတွေရဲ့ စိတ်ခံစားချက်တွေကိုဖမ်းစားပြီးလှည့်ဖျားဖို့ ကြိုးစားပါတယ်။
• အံ့သြလောက်အောင် ချိုသာတဲ့ဈေးနှုန်းနဲ့ ကန့်သတ်ချိ်န်အတွင်းမှာသာရရှိနိုင်ပါမည် !
သင်နှစ်သက်တဲ့ brand တစ်ခုကိုမယုံနိုင်လောက်တဲ့ လျှော့ဈေးပေးပြီးဆွဲဆောင်တဲ့ မက်ဆေ့မျိုးပို့လာတတ်ပါတယ်။သင်ဝယ်ယူဖို့ အွန်လိုင်းဈေးကွက်တစ်ခုရဲ့ link လည်းပါဝင်ပါလိမ့်မယ်။သင်အဲဒီ link ကိုနှိပ်လိုက်တဲ့အခါ website အတုတစ်ခုဆီရောက်သွားပြီး ၊ သို့မဟုတ် သင့်ဖုန်း၊ ကွန်ပျူတာထဲကို malware တစ်ခုဒေါင်းလုဒ် လုပ်ပါလိမ့်မယ်။ဒီကတစ်ဆင့် အရေးကြီးတဲ့ အချက်အလက်တွေကိုရယူပါလိမ့်မယ်။များသောအားဖြင့်ဒီ phishing မက်ဆေ့တွေဟာသင့်ကိုချက်ချင်းလက်ငင်းဆောင်ရွက်စေပြီးသင့်ရဲ့ အရေးကြီးတဲ့အချက်တွေဖြစ်တဲ့ password သို့မဟုတ် credit card နံပါတ်ကိုတောင်းဖို့ကြိုးစားမှာဖြစ်ပါတယ်။
• ကျေးဇူးပြုပြီးကူညီပါ။ အမှန်တကယ် အကူအညီလိုအပ်နေပါတယ်။
သင့်ရဲ့ ဆွေမျိုးဒါမှမဟုတ် မိတ်ဆွေဟန်ဆောင်ပြီးဒုက္ခရောက်နေပါတယ်၊ငွေကြေးချေးငှားပါ ဆိုပြီးမက်ဆေ့ပို့လာတတ်ပါတယ်။ သင့်ဘက်ကအကြောင်းပြန်တာနဲ့ တစ်ပြိုင်နက် သင့်ရဲ့ စိတ်ကောင်းစေတနာကိုအခွင့်အရေးယူပြီးငွေကြေးလွှဲပို့အောင်သို့မဟုတ်အရေးကြီးတဲ့ကိုယ်ရေးအချက်အလက်တွေကိုတောင်းယူမှာ
ဖြစ်ပါတယ်။ ယေဘုယျ ဆန်တဲ့ မက်ဆေ့တွေနဲ့ သံသယဖြစ်ချင်စရာကောင်းတဲ့ website တွေ email addressတွေကိုသတိပြုပါ။
• အိုး..သင်ကအရမ်းကိုလှတာဘဲ!
သင့်ရဲ့ယုံကြည်မှုကိုမြန်မြန်ရယူဖို့စိတ်ကြည်နူးစေမယ့်မက်ဆေ့တွေပို့တတ်ပါတယ်။သတိထားပါ။ နောက်ဆုံးမှာသင် သူတို့ဆီကိုငွေကြေးလွှဲပို့ဖို့ သင့်ကိုစည်းရုံးသိမ်းသွင်းမှာ ဖြစ်ပါတယ်။
• Congratulations ပါ။ သင်ဟာထီဆုကြီးပိုင်ဆိုင်သူတစ်ယောက်ဖြစ်ပါတယ်။
ဒီလိုမက်ဆေ့တွေကသင်ထီပေါက်သွားပါတယ် ဆိုပြီးပို့လာတတ်ပါတယ်။ဒါပေမယ့် မယုံသင်္ကာဖြစ်စရာရှိလောက်ပါတယ်။ပေါက်သွားတဲ့ဆုကြီးကိုရယူဖို့ membership ပြုလုပ်ဖို့သင့်ရဲ့ကိုယ်ရေးအချက်အလက်တွေကိုတောင်းယူပါလိမ့်မယ်။ တခြား phishing message တွေလိုမျိုးမက်ဆေ့ထဲမှာစာလုံးပေါင်းအမှားတွေနဲ့မှားယွင်းတဲ့စာအရေးအသားတွေ ပါတတ်ပါတယ်။သတိထားပြီးကြည့်ရင် link အတုတွေလည်းပါလာပါလိမ့်မယ်။ကုမ္ပဏီသို့မဟုတ် brand ရဲ့ website link ပေမယ့်စာလုံးပေါင်းအမှားတွေပါတတ်ပါတယ်။ ဥပမာ - www.lottery.comအစားwww.1ottery.comဖြစ်နေတတ်ပါတယ်။
• သင် hack အလုပ်ခံထားရပါတယ်။ ဒါပေမယ့် ကျွန်ုပ် ကူညီပေးမှာပါ။
ဒီလိုလုပ်ခြင်းအားဖြင့်သင့်ရဲ့ အွန်လိုင်းအကောင့်တွေကိုhack အလုပ်ခံရခြင်းသို့မဟုတ်ပယ်ဖျက်ခံလိုက်ရပေမယ့်ပြန်ရဖို့အကူအညီပေးပါမယ် ၊သင့်ကိုယ်ရေးအချက်အလက်တွေသာပေးပါဆိုပြီးလိမ်လည်ပြောပါလိမ့်မယ်။
Phishing အန္တရာယ်ကလွတ်ကင်းစေဖို့ အောက်ပါလမ်းညွှန်ချက်များကိုလိုက်နာပါ။
သင် Phishing အလုပ်မခံရဖို့အတွက် အောက်ပါ security စည်းကမ်းချက်များကိုလိုက်နာပါ။
• သင်သာသိပါစေ။ log in အချက်အလက်များကိုဘယ်သူ့ကိုမှ မဝေမျှပါနဲ့။
- Facebook ဟာသင့် password ကိုဘယ်တော့မှ တောင်းယူမှာမဟုတ်တဲ့အပြင် password ကို attachment အနေနဲ့ ဘယ်တော့မှ သင့်ဆီပေးပို့မှာမဟုတ်ပါဘူး။ သင့် log in အချက်အလက်များကိုဘယ်တော့မှ ဘယ်သူ့ကိုမှ မပေးပါနဲ့။
• အပြင်ဘဝမှာလိုဘဲသူစိမ်းတွေဆီက friend request တွေကိုချက်ချင်းလက်မခံပါနဲ့။
- လိမ်လည်သူတွေဟာသင့်သူငယ်ချင်းဟန်ဆောင်ပြီးအကောင့်အတုတွေ ပြုလုပ်ပါလိမ့်မယ်။ လက်ခံလိုက်ရင် သင့် timeline သို့မဟုတ် newsfeed မှာသတင်းအတုတွေ ဖြန့်ဝေဖို့ ခွင့်ပြုသလို ဖြစ်သွားပါလိမ့်မယ်။
• အခြားတန်ဖိုးကြီးအရာတွေကိုဂရုစိုက်သလိုသင့်အကောင့်ကိုလုံခြုံအောင်ထားပါ။
- password ကိုပုံမှန်ပြောင်းပါ။ ဒီလိုလုပ်ခြင်းအားဖြင့် လိမ်လည်သူတွေဟာသင့်အကောင့်သုံးပြီးသင့်သူငယ်ချင်းမိတ်ဆွေတွေဆီဆက်သွယ်တာတွေကကာကွယ်ပေးပါလိမ့်မယ်။
• သင့်အကောင့်ရဲ့ အသုံးပြုထားပုံတွေကိုအမြဲသုံးသပ်ပြီး spam တွေကိုဖယ်ရှားပါ။
- သင့် log in လုပ်ထားတာတွေကို ပြန်ကြည့်ပါ။ သံသယဝင်စရာ log in တွေ နဲ့ သင့်အကောင့်သုံးပြီးသွင်းထားတဲ့ app တွေ ဂိမ်းတွေ၊ သင့်အချက်အလက်ရယူနိုင်တဲ့ အရာတွေကိုစစ်ဆေးပါ။ မသုံးတာတွေကိုပယ်ဖျက်ပါ။
• Facebook ရဲ့ security checkup ကို ပြုလုပ်ပါ။
- သင့်အကောင့်ပိုမိုလုံခြုံဖို့ လက်တွေ့ဆောင်ရွက်နိုင်မယ့် အချက်အလက်တွေကိုFacebook’s Security Basicတွင် ဖတ်ရှုပြီး Facebook ကလည်းသင့်ကိုဘယ်လိုကူညီနိုင်မယ်ဆိုတာကိုသိရှိအောင်လုပ်ပါ။
• Facebook ထံတိုင်ကြားခြင်းဖြင့် အရေးယူပါ။
- သင့်ဆီရောက်လာတဲ့ email သို့မဟုတ် Facebook မက်ဆော့ဟာပုံမှန်မဟုတ်ဘူးဆိုရင် မဖွင့်ကြည့်ပါနဲ့။[email protected]ထံတိုင်ကြားပါ။ အပြန်အလှန်ပြောဆိုထားတဲ့ conversation ကိုတိုင်ကြားချင်တယ်ဆိုမပယ်ဖျက်ခင် screenshot ရိုက်ထားဖို့ မမေ့ပါနဲ့။ သင့်ဘက်မှာပယ်ဖျက်လိုက်ပေမယ့် တစ်ဖက်က inbox မှာပျက်သွားမှာမဟုတ်ဘူးဆိုတာကိုသတိရပါ။ တိုင်ကြားချင်တဲ့ အကြောင်းအရာဘေးက Report Link ကိုနှိပ်ပြီးတိုင်ကြားခြင်းဟာ Facebook ပေါ်က link တွေကိုတိုင်ကြားဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
• သင့်သူငယ်ချင်းအကောင့် hack လုပ်ခံရပြီဟုထင်လျှင် သူ့ကိုသတိပေးပါ။
- သင် hack ခံရလျှင် Facebook က သင့်ကိုကူညီပေးပါလိမ့်မယ်။ Facebook Help Center
ကိုဝင်ရောက်ပြီးလည်းအကူအညီတောင်းဆိုနိုင်ပါတယ်။
• ရဲနဲ့ သင့်ဘဏ်ကိုဆက်သွယ်ပါ။
- သင်ဟာမသမာမှုတစ်ခုရဲ့ တရားခံဖြစ်နေတယ်လို့ ထင်ရင် သက်ဆိုင်ရာရဲကိုဆက်သွယ်ပါ။ သင့် credit card အချက်အလက်တွေကိုမတော်တဆပေးမိသွားရင်လည်းသင့် ဘဏ်နဲ့ credit card ကုမ္ပဏီကိုအသိပေးပါ။ ဒီလိုမသမာသူရဲ့ အကောင့်ကိုလည်း Facebook မှာတိုင်ကြားဖို့ မမေ့ပါနဲ့။
















