မိတ္ထီလာအကျဉ်းဦးစီးဌာနအိမ်ထောင်သည်လိုင်းခန်းတွင် အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံး

မိတ္ထီလာအကျဉ်းဦးစီးဌာနအိမ်ထောင်သည်လိုင်းခန်းတွင် အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံး

မိတ္ထီလာမြို့အကျဉ်းဦးစီးဌာနအိမ်ထောင်သည် လိုင်းခန်းတွင် အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံးခဲ့မှု ယနေ့ဇန်နဝါရီ ၉ ရက်က ဖြစ်ပွားခဲ့သည်။ 
 

ယနေ့ နံနက် ၉နာရီခန့်တွင် မိတ္ထီလာမြို့အကျဉ်းဦးစီးဌာနမိသားစုအိမ်ထောင်သည်လိုင်းခန်းတွင် အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံးမှုဖြစ်ပွားကြောင်း သတင်းအရ မိတ္ထီလာမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ထင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ 
သေဆုံးသူမှာ အကျဉ်းဦးစီးဌာန တမာတန်းလိုင်းခန်းနေ အကျဉ်းဦးစီးဌာနမှ ဒုတပ်ကြပ်တစ်ဦး၏ ဇနီး မ----(၃၃)နှစ် ဖြစ်ပြီး နေအိမ်ထုတ်တန်းတွင် ပလက်စတစ်ကြိုးကို အသုံး ပြုကာ ဆွဲကြိုးချသေဆုံးခဲ့ခြင်းဖြစ်သည်။ 
မိတ္တီလာမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၂/၁၉)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။