အာရှယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ခြေစစ်ပွဲ မယှဉ်ပြိုင်မီ ထိုင်းအသင်းနှင့် ခြေစမ်းမည်ဟု မြန်မာယူ--၁၉ နည်းပြဆို

အာရှယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ခြေစစ်ပွဲ မယှဉ်ပြိုင်မီ ထိုင်းအသင်းနှင့် ခြေစမ်းမည်ဟု မြန်မာယူ--၁၉ နည်းပြဆို

မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် အာရှယူ--၁၉အမျိုးသမီးချန်ပီယံရှစ် ဒုတိယ အဆင့်ခြေစစ်ပွဲမယှဉ်ပြိုင်မီ ထိုင်းနိုင်ငံ၌ ထိုင်း ယူ--၁၉ လက်ရွေးစင် အမျိုးသမီးအသင်းအပါ အဝင် ကလပ်အသင်းများနှင့် ခြေစမ်းမည် ဖြစ်ကြောင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောဆိုခဲ့သည်။

ရည်ရွယ်

မြန်မာယူ--၁၉ အမျိုးသမီးအသင်းသည် ထိုင်းနိုင်ငံ၌ တစ်ပတ်ကြာနေထိုင်ပြီး ခြေစမ်း ပွဲများကစားရန် ရည်ရွယ်ထားသည်။ "ခြေစစ် ပွဲကစားမယ့် ဧပြီလထဲမှာပဲ ထိုင်းနိုင်ငံကိုသွားပြီး ခြေစမ်းပွဲတွေကစားမှာပါ။ ထိုင်းယူ--၁၉လက်ရွေး စင်အသင်းအပါအဝင် ထိုင်းအမျိုးသမီးကလပ် အသင်းအချို့နဲ့ ခြေစမ်းပွဲတွေကစားဖို့ရှိပါ တယ်"ဟု ဒေါ်သက်သက်ဝင်းက ပြောဆိုခဲ့သည်။

ထိပ်ဆုံးနှစ်သင်း

အာရှယူ--၁၉အမျိုးသမီးချန်ပီယံရှစ် ဒုတိယ အဆင့်ခြေစစ်ပွဲကို ဧပြီ ၂၂ရက်မှ ၃၀ရက် အထိကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းအပါ အဝင် သြစတြေးလျ၊ ဥဇဘက်ကစ္စတန်၊ တောင် ကိုရီးယား၊ လက်ဘနွန်၊ ဗီယက်နမ်၊ အီရန်၊ နီပေါအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပြိုင်ပွဲကို အသင်းရှစ်သင်းပါ နှစ်အုပ်စုခွဲ၍ ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုနှစ်ခုမှ ထိပ်ဆုံး နှစ်သင်းမှာ ခြေစစ်ပွဲအောင်မည်ဖြစ်သည်။

ပါဝင်ကြ

မြန်မာယူ--၁၉ အမျိုးသမီးအသင်းသည် ဒုတိယအဆင့် ခြေစစ်ပွဲမယှဉ်ပြိုင်မီ မတ် ၂ ရက်မှ ၆ ရက်အထိယှဉ်ပြိုင်မည့် ဂျပန်ဖိတ်ခေါ် Japan-ASEAN Youth Sports Exchange ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် သည်။ အဆိုပါပြိုင်ပွဲတွင် အာဆီယံဒေသတွင်း မှ မြန်မာအသင်းအပြင် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်ယူ-- ၁၉ အမျိုးသမီးအသင်းများ ပါဝင်ယှဉ်ပြိုင်ဖြစ် သည်။



ဖတ်ရှုမှုအများဆုံး