ဆေး​ခြောက်​ နှင့်အတူ ဖမ်​းဆီးရမိသူများအား စစ်​​ဆေးေပါ်ပေါက်ချက်အရ မူးယစ်ဆေးဝါးရောင်းချသူကို ကွင်​းဆက်​အဖြစ် ဖမ်​းဆီးရမိ

ဆေး​ခြောက်​ နှင့်အတူ ဖမ်​းဆီးရမိသူများအား စစ်​​ဆေးေပါ်ပေါက်ချက်အရ မူးယစ်ဆေးဝါးရောင်းချသူကို ကွင်​းဆက်​အဖြစ် ဖမ်​းဆီးရမိ

ဗဟန်းမြို့နယ်တွင် ​ဆေး​ခြောက်​ နှင့်အတူဖမ်​းဆီးရမိသူ ၄ ဦးကို စစ်​​ဆေးခဲ့ရာ မူးယစ်ဆေးဝါးရောင်းချသူကို ကွင်​းဆက်​အဖြစ်​ ဇန်​နဝါရီ ၉ ရက်​က မူးယစ်​​ဆေးဝါးများနှင်​့အတူ ဖမ်​းဆီးရမိခဲ့သည်​။

ဗဟန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၈ ရက် ည ၁၀ နာရီခွဲခန့်တွင် ရေတာရှည်လမ်းနှင့် နန္ဒဝန်လမ်းထောင့်၌ သက်နိုင်အောင်၊ ပြည့်ဖြိုးနိုင်၊ ရဲဇော်ဦး၊ ရဲဖြိုးကျော် တို့အား ဆေးခြောက်ဟုယူဆရသော အရွက်ခြောက် ၆ ဒသမ ၅ ဂရမ် နှင့်အတူ ဖမ်​းဆီးရမိခဲ့သည်​။

သက်ဆိုင်ရာက မယ(ပ)၃/၁၉၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆(ဂ)/၂၁ ဖြင်​့ စစ်ဆေးခဲ့ရာ အဆိုပါပစ္စည်​းများမှာ ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးတောင် ရပ်ကွက်၊ ဦးဖိုးသာလမ်းနေ တောကြီး(ခ)မျိုးမြင့်အောင် (၃၁)နှစ် ထံမှ ဝယ်ယူရရှိကြောင်း​ပေါ်​ပေါက်​ခဲ့သည်​။

သက်​ဆိုင်​ရာက ဇန်​နဝါရီ  ၉ရက် ညသန်းခေါင်ကျော် ၁ နာရီ ၄၀ မိနစ်​ အချိန်တွင် တောကြီးဂ(ခ) မျိုးမြင့်အောင်၏နေအိမ်ခြံဝင်းအတွင်း ဝင်ရောက် စစ်ဆေးရှာဖွေရာ  နေအိမ်နောက်ဖေး အိမ်သာအတွင်း အနက်ရောင်သားရေဂစ်တာအိတ်ကို ပိုက်လျက်ထိုင်နေသည့်ကိုတွေ့ရှိခဲ့သည်​။ ၎င်း၏ခန္ဓာကိုယ်နှင့် ဂစ်တာအိတ်အား ဖွင့်၍ရှာဖွေရာ အဆိုပါ ဂစ်တာအိတ်အတွင်းရှိ ကြိုးမပါ နီညိုရောင် ဂစ်တာအဟောင်း၏ ဂစ်တာအိုးအတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား(၁၈၆၀)ပြားနှင့် ဆေးခြောက်ဟုယူဆရသော အရွက်ခြောက်အလေးချိန်(၂၂၈)ဂရမ်ခန့် တို့ကို ရှာဖွေတွေ့ရှိသဖြင်​့ မူးယစ်​​ဆေးဝါး ဥပ​ဒေအရ ဆက်​လက်​အမှုဖွင်​့ အ​ရေးယူထားသည်​။