မြင်းခြံတွင် အငြိမ့်မင်းသမီး ဓါးဖြင့် ထိုးသတ်​ခံရ

မြင်းခြံတွင် အငြိမ့်မင်းသမီး ဓါးဖြင့် ထိုးသတ်​ခံရ

မြင်​းခြံမြို့နယ်​တွင်​ ဆောင်စံအိမ် အငြိမ့်အဖွဲ့မှ လက်ထောက်မင်းသမီး ဓားဖြင့် ထိုးခံရ၍ သေဆုံး ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့သည်ဆိုသူ ဘိတ်​သိတ်​ဆရာကို သက်​ဆိုင်​ရာက ဇန်​နဝါရီ ၉ ရက်၌​ဖမ်​းဆီးခဲ့သည်​။

အဆိုပါ​နေ့ မွန်​းလွဲ ၃ နာရီ ၁၀ မိနစ်​ အချိန်​ခန်​့တွင်​  မြင်​းခြံမြို့ ဆန္ဒ​တော်​ပြည်​့ဘုရား​ရှေ့ရှိ ထမင်​းဆိုင်​၌ ဓားထိုးမှုဖြစ်​ပွား​ကြောင်​းသတင်​းအရ သက်​ဆိုင်​ရာက သွား​ရောက်​စစ်​​ဆေးခဲ့သည်​။

အဆိုပါ​နေရာတွင်​ မြင်​းခြံမြို့ " ​ဆောင်​စံအိမ်​ " အငြိမ်​့အဖွဲ့မှ လက်​​ထောက်​မင်​းသမီး မချစ်​ချစ်​ခင်​(ခ)မဖြူမာသည် ဝဲ/ယာ နို့အုံ အထက်​/​အောက်​တို့၌ ထိုးသွင်​းဒဏ်​ရာရရှိထားသည်​ကို​တွေ့ရသဖြင်​့ မြင်​းခြံ​ဆေးရုံသို့ တင်​ပို့ကုသခဲ့သည်​။

သက်ဆိုင်ရာက စုံစမ်​းခဲ့ရာ ​ကျောက်​ဆည်​မြို့၊တံစိုးဂိတ်​ရပ်​ကွက်​​နေ ဘိသိတ်​ဆရာ မြစံ(ခ)​မော်​ကွန်​းစံ(၂၆)နှစ်​က  ပွဲငှါးရန်​ကိစ္စနှင်​့ပတ်​သက်​၍  " ​ဆောင်​စံအိမ်​ " အငြိမ်​့​ခေါင်​း​ဆောင်​မင်​းသမီး မခင်​ပုလဲစိန်​(ခ)မနွယ်​နှင်​့ မချစ်​ချစ်​ခင်​(ခ)မဖြူမာ၊ မြစံ(ခ)​မော်​ကွန်​းစံတို့ သုံးဦး တွေ့ဆုံကာ စကား​ပြောဆိုခဲ့ကြောင်း၊ စာချုပ်​ကိစ္စပြောဆိုစဉ် မြစံက ၎င်းရှေ့ရှိ ​ကျောပိုးအိတ်​အတွင်​းမှအရိုးအသွား(၈)လက်​မခွဲခန်​့ရှိ အနက်​​ရောင်​ ​ကော်​ရိုးတပ်​စတီးဓါးဖြင်​့ မချစ်​ချစ်​ခင်​ကိုထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်​။

မြစံ(ခ)​မော်​ကွန်​းစံ ကို အခင်းဖြစ်နေရာတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းကိုစစ်ဆေးချက်​အရ လွန်​ခဲ့​သော ၆ လခန်​့က " ​ဆောင်​စံအိမ်​ " အငြိမ့်မှ မင်​းသမီးဖြစ်​သူ တစ်​ဦးနှင်​့ ချစ်​သူဖြစ်​စဉ် မချစ်ချစ်ခင်၏ သွေးထိုးမှုကြောင့် ပြတ်စဲခဲ့ရသဖြင့် ယင်းကိစ္စကို အငြိုးထားကာ ဓားဖြင်​့ ထိုးခဲ့ခြင်​းဖြစ်​​ကြောင်​းသိရသည်။

မချစ်​ချစ်​ခင်​(ခ)မဖြူမာမှာ ရရှိ​သောဒဏ်​ရာများဖြင့် ည​နေ ၅ နာရီခွဲ အချိန်​ခန်​့တွင်​ ​သေဆုံးခဲ့သည်​။

 မြင်​းခြံမြို့မရဲစခန်​းက မူလဖွင်​့လှစ်​ထားသည်​့ (ပ)၂၁/၁၉၊ရာဇသတ်​ကြီးပုဒ်​မ ၃၂၆  မှ ပုဒ်​မ ၃၀၂ သို့​ပြောင်​းလဲကာ အ​ရေးယူထားသည်​။