ပဲခူးတိုင်း ဝင်္ဂဘော်ဆင်စခန်း ၂၀၁ ဒီဇင်ဘာလ၌ ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့

ပဲခူးတိုင်း ဝင်္ဂဘော်ဆင်စခန်း ၂၀၁ ဒီဇင်ဘာလ၌ ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဝင်္ဂဘော် ဆင်စခန်းသည် ၂၀၁၈ ခုနှစ် ဒီဇင် ဘာလအတွင်း ဝင်ငွေကျပ်သိန်း ၁၀ဝ ရရှိခဲ့ပြီး တစ်နိုင်ငံလုံးရှိ ဆင်စခန်းများအနက် ဝင်ငွေ အကောင်းဆုံးဖြစ်လာကြောင်း အဆိုပါဆင် စခန်းတာဝန်ရှိသူထံမှ သိရသည်။

ရွေးချယ်

မြန်မာနိုင်ငံရှိ ဆင်စခန်းများအား လစဉ် ဝင်ငွေအကောင်းဆုံးရွေးချယ်ရာတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွက် ဝင်္ဂဘော်ဆင်စခန်းက ပထမ၊ ညောင်ဦးမြို့နယ်ရှိ ပုလင်းဆင်စခန်းက ဒုတိယ၊ နေပြည်တော်ရှိ ငလိုက်ဆင်စခန်းက တတိယအဖြစ် အသီးသီးရပ်တည်ခဲ့ကြောင်း သိရသည်။

"သစ်တောက ဆင်တွေကို ထိန်းသိမ်းအနား ပေးတဲ့အနေနဲ့ ဆင်ထိန်းသိမ်းရေးစခန်းဖွင့်ထား တဲ့ သဘောပါ။ ဆင်ထိန်းသိမ်းရေးစခန်းစဖွင့်တဲ့ ရက်တွေမှာ သိသူနည်းပါးသေးတဲ့အတွက် ခရီးသွားတွေလာရောက်မှု နည်းပါးခဲ့ပါတယ်။ နောက်ပိုင်း လူသိများလာတဲ့အတွက် ရုံးပိတ် ရက်တွေမှာ လာရောက်လည်ပတ်တဲ့သူ များပြား လာပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလမှာတော့ ပုလင်းဆင်စခန်းက ပထမ၊ ငလိုက်ဆင်စခန်းက ဒုတိယ၊ ကျွန်တော်တို့ ဝင်္ဂဘော်ဆင်စခန်းက တတိယရခဲ့ပါတယ်"ဟု ဝင်္ဂဘော်ဆင်ထိန်းသိမ်း ရေးစခန်းမှ လက်ထောက်မန်နေဂျာ ဦးစိန်လွင် က ပြောဆိုသည်။

လာရောက်လေ့လာ

ပဲခူးမြို့နှင့် ၁၀ မိုင်ခန့်အကွာတွင်ရှိသော ဝင်္ဂဘော်ဆင်ထိန်းသိမ်းရေးစခန်းအား ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင်စတင်ဖွင့်လှစ်ခဲ့သည်။ ယခုနှစ်နောက်ပိုင်းတွင် လူသိများလာကာ ရုံးဖွင့်ရက်များတွင် လာရောက်လေ့လာသော ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်မှာ တစ် ရက်လျှင် ၁၀ဝ ကျော်နှင့် ရုံးပိတ်ရက်များတွင် ၁၀ဝ၀ ခန့် လာရောက်လည်ပတ်လျက်ရှိ ကြောင်း သိရသည်။

ဝင်္ဂဘော်ဆင်စခန်းတွင် ဆင်ကြီးနှစ်ကောင်၊ ဝန်တင်ဆင်ခုနစ်ကောင်၊ အမိမဲ့ဆင်ခြောက် ကောင်နှင့် အမိနောက်လိုက် ဆင်ပေါက်နှစ် ကောင်၊ စုစုပေါင်း ဆင် ၁၇ ကောင်ထိန်းသိမ်း ထားသည်။ ပြည်တွင်းခရီးသွားဧည့်သည် ဝင်ကြေး ကျပ် ၁၀ဝ၀ နှုန်းနှင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်မှာ ကျပ် ၁၀ဝ၀ဝ နှုန်းဖြစ်ကာ ဆင်စီးခမှာလည်း ၁၅ မိနစ်ခရီးကို ပြည်တွင်း ဧည့်သည်ကျပ် ၅၀ဝ၀၊ ပြည်ပဧည့်သည်ကျပ် ၂၀ဝ၀ဝ နှုန်း သတ်မှတ်ထားသည်။

ထိန်းသိမ်းနယ်မြေ

ပဲခူးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်း၏ ဆင်ထိန်းသိမ်းရေး နယ်မြေစခန်းခြောက်ခု ရှိပြီး ၎င်းတို့မှာ ဝင်္ဂဘော်ဆင်ထိန်းသိမ်းရေး နယ်မြေ၊ ဖိုးကျားဆင်ထိန်းသိမ်းရေးနယ်မြေ၊ မှော်ရောကြီးဆင်ထိန်းသိမ်းရေးနယ်မြေ၊ နန့် မှော်ဆင်ထိန်းသိမ်းရေးနယ်မြေ၊ ပေါ်လန်ကြီး ဆင်ထိန်းသိမ်းရေးနယ်မြေ၊ ခေမာသီဝံဆင် ထိန်းသိမ်းရေးနယ်မြေတို့ဖြစ်ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး