ပေကျင်း-ဟွာဝေးနည်းပညာလီမိတက်က အချက်အလက်စင်တာများနှင့် ကလောက်ဒ်ကွန်ပျူတာစနစ်အတွက် လုပ်ငန်းဆောင်ရွက်ပေးမည့် ချစ်ပ် (chip) တစ်မျိုးကို ဇန်နဝါရီ ၇ ရက်က ထုတ်ဖော်ပြသခဲ့ရာ ဟွာဝေး ကုမ္ပဏီသည် ကွန်ပျူတာလုံခြုံရေးဆိုင်ရာ အရဲစွန့်မှုတစ်ရပ်ပြုလုပ်ခြင်း ဖြစ်နိုင်သည်ဟု အနောက်နိုင်ငံများက သတိပေးပြောကြားသော်လည်း ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးက ဈေးကွက်သစ်များ ချဲ့ထွင်ရန် ကမ်းလှမ်းလိုက်ခြင်း ပင်ဖြစ်သည်။
အနောက်နိုင်ငံနည်းပညာအပေါ် မှီခိုနေသည့် တရုတ်စက်မှုလုပ်ငန်းများက ၎င်းတို့ကိုယ်တိုင် တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်နေစဉ် အဆိုပါကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုကြေညာချက်ကြောင့် အမေရိကန်နှင့် ဥရောပက ပစ္စည်းတင်ပို့ရောင်းချသူများနှင့် အပြိုင်အဆိုင်ဖြစ်မှုကို မီးလောင်ရာလေပင့်ဖြစ်စေကာ တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းသည် ကုန်သွယ်မှုတာဝန်များကို ချိုးဖောက်ရန်စီစဉ်သည်ဟု အစိုးရများအတွက် မကျေမနပ်ဖြစ်စေခဲ့သည်။
Kunpeng 920 ချစ်ပ်သည် စမတ်ဖုန်းများ၊ ဗီဒီယိုနှင့်အခြား ကွန်ရက်ဆက်သွယ်မှုများမှ အချက်အလက်ပေါင်းများစွာကို ကိုင်တွယ် ဖြေရှင်းပေးမည့် ဆာဗာများအတွက် ရည်ရွယ်ထုတ်လုပ်ထားသည်ဟု ဟွာဝေးက ပြောကြားခဲ့သည်။
စစ်အင်ဂျင်နီယာဟောင်းတစ်ဦး ၁၉၈၇ ခုနှစ်က တည်ထောင်ခဲ့သည့် ဟွာဝေးကုမ္ပဏီသည် တရုတ်နိုင်ငံ၏ ပထမဆုံးကမ္ဘာလုံးဆိုင်ရာ နည်းပညာ ယှဉ်ပြိုင်သူတစ်ဦးဖြစ်ကာ အာဏာရ ကွန်မြူနစ်ပါတီက အားပေးရန် စိတ်အားထက်သန်နေသည့် စက်မှုလုပ်ငန်း၏ ထိပ်ဆုံးနေရာတွင် အမျိုးသားရေးကို ရပ်တည်ကာကွယ်ပေးသည်။
ဟွာဝေးကို အလုပ်သမားများက ပိုင်ဆိုင်သည်ဟု ကုမ္ပဏီက ပြောကြားကာ အာဏာရကွန်မြူနစ်ပါတီက ထိန်းချုပ်ပြီး သူလျှိုလုပ်မှုကို ပံ့ပိုးဆောင်ရွက်ပေးသည်ဆိုသည့် အမေရိကန်နှင့် အခြားအစိုးရများ၏ စွပ်စွဲမှုများကို ငြင်းဆိုလိုက်သည်။
တရုတ်၏ နည်းပညာမူဝါဒများနှင့်ပတ်သက်ကာ အမေရိကန်၏ မကျေနပ်မှုများကြောင့် ဖြစ်ပေါ်လာသည့် သွင်းကုန်အကောက်ခွန် စစ်ပွဲနှင့်ပတ်သက်သည့် ဆွေးနွေးမှုများပြုလုပ်ရန် တရုတ်နှင့် အမေရိကန် ကိုယ်စားလှယ်များသည် ဇန်နဝါရီ ၁၄ ရက်တွင် တွေ့ဆုံမည်ဖြစ်သည်။
အမေရိကန်၊ ဥရောပနှင့် အခြား ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများက 'တရုတ်နိုင်ငံတွင်ပြုလုပ်သည် ၂၀၂၅' ကဲ့သို့ ပဏာမ စတင်ဆောင်ရွက်ချက်များကို မကျေမနပ် ပြောဆိုကြသည်။ အဆိုပါဆောင်ရွက်ချက်မှာ စက်ရုပ် တီထွင် အသုံးချမှုနှင့် အခြားနယ်ပယ်များတွင် နိုင်ငံတော်က ဦးဆောင်ဖန်တီးကာ တရုတ်ပစ္စည်းများ တစ်ကမ္ဘာလုံးတွင် ဗိုလ်စွဲရမည်ဟု ပြောဆိုခြင်းသည် တရုတ်၏ ပွင့်လင်းသော ဈေးကွက် တာဝန်ဝတ္တရားကို ချိုးဖောက်ခြင်းဖြစ်သည်။ စက်မှုလုပ်ငန်းတွင် အမေရိကန်ဦးဆောင်မှု လျော့ပါးသွားမည်ကို အမေရိကန်တာဝန်ရှိသူများက စိုးရိမ်ပူပန်နေသည်။
အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နှင့် အခြားနိုင်ငံများက တရုတ်၏ နည်းပညာအသုံးပြုမှုအပေါ် ဟန့်တားမှုများ ပြဋ္ဌာန်းထားသော်လည်း ကုမ္ပဏီ၏ ၂၀၁၈ ခုနှစ် တစ်ကမ္ဘာလုံးဆိုင်ရာ ရောင်းအားကို ဒေါ်လာ ဘီလျံ ၁၀ဝ အထိရောက်ရန် ခန့်မှန်းထားသည်ဟု ကုမ္ပဏီက ပြောကြားသည်။

















