ဆိုးလ်-ဒုတိယကမ္ဘာစစ် ကာလအတွင်းက ကိုရီးယား အလုပ်သမားများအတွက် လျော် ကြေးပေးရေးကိစ္စ အငြင်းပွားမှုတွင် ပါဝင် ပတ်သက်နေသော ဂျပန်ကုမ္ပဏီတစ်ခု၏ ဒေသတွင်း ပိုင်ဆိုင်ပစ္စည်းများ ရယူသုံးစွဲခွင့်ကို ဒေသဆိုင်ရာ တရားရုံးတစ်ရုံးက ဇန်နဝါရီ ၈ ရက်တွင် ရုံးမိန့်ဖြင့် ပိတ်ပင်ခဲ့သည်။
ယမန်နှစ် အောက်တိုဘာလက တောင်ကို ရီးယားနိုင်ငံ အဆင့်မြင့် တရားရုံးတစ်ရုံးက ၁၉၁၀-၄၅ ခုနှစ်အတွင်း ကိုရီးယားကျွန်းဆွယ်ကို ဂျပန်တို့သိမ်းပိုက်ထားစဉ်က ဂျပန်ကုမ္ပဏီ တစ်ခုဖြစ်သော နီပွန်စတီးလ်အင်န် ဆူမီတိုမို သတ္တုကော်ပိုရေးရှင်းအတွက် အလုပ်လုပ် ကိုင်ပေးရသည့် တရားလိုလေးဦးကို တစ်ဦး လျှင် ဝမ်ငွေသန်း ၁၀ဝ (ဒေါ်လာ ၈၈,ဝ၀ဝ) ပေးရန် အမိန့်ချခဲ့သည်။
ဒေဂူးခရိုင် တရားရုံး၏ ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ပိုဟမ်းမြို့ရှိ ရုံးခွဲတစ်ခုက ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ပြောကြားရာ၌ အလုပ်သမားဟောင်းများကို လျော်ကြေးပေးရန်ငြင်းဆိုသော အဆိုပါကုမ္ပဏီက ပိုင်ဆိုင်သည့် ကိုရီးယားရှိ ရရန်ပိုင်ခွင့်များကို သိမ်းပိုက်ရန် တရားလိုများ၏ ရှေ့နေက မေတ္တာရပ်ခံချက်ကို အတည်ပြုခဲ့သည်ဟုဆိုသည်။
ဂျပန်နိုင်ငံကမူ ကိုလိုနီခေတ်က လျော် ကြေးပေးရန် ကိစ္စရပ်မှန်သမျှအားလုံးကို ၁၉၆၅ ခုနှစ်က အစိုးရအချင်းချင်းချုပ်ဆို ခဲ့သောစာချုပ်အရ ဖြေရှင်းပြီးဖြစ်သည် ဆိုသည့်အချက်ကို အတည်ပြုလက်ခံထား သည်။ တိုကျိုမြို့တွင် ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဟိုင်ဒီ ဆူးဂါးက သတင်းထောက်များကို ပြောကြားရာတွင် အဆိုပါ ကိစ္စနှင့်သက်ဆိုင်သည့် ဝန်ကြီးများသည် ဇန်နဝါရီ ၈ ရက်ညပိုင်းတွင် ယင်းကိစ္စကို မည်သို့မည်ပုံ တုံ့ပြန်သွားမည်ဆိုခြင်းကို ဆွေးနွေးရန် ရှိသည်ဟု ကျိုဒိုသတင်းဌာနက ဆိုသည်။
ဂျပန်ကုမ္ပဏီသည် ပိုဟမ်းမြို့တွင် တောင် ကိုရီးယား သံမဏိကုမ္ပဏီ POSCO နှင့် ဒေါ်လာ ၉ ဒသမ ၇ သန်းတန် ဖက်စပ် လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး အစု ရှယ်ယာ ၂ ဒသမ ၃၄ သန်း ပိုင်ဆိုင်ထားသည်။ တောင်ကိုရီးယားနိုင်ငံ ယွန်ဟပ်သတင်းဌာန က ပိုဟမ်းရုံးက အရာရှိ တစ်ဦးကို ကိုးကား၍ သတင်းပေးရာတွင် ခရိုင်တရားရုံးသည် အစုရှယ်ယာ အားလုံးကို ပိတ်ပင်ခြင်းမဟုတ်ဘဲ၈၁,ဝ၇၅ ကိုသာ ထုတ်ယူသုံးစွဲခွင့်ပိတ် ပင်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
















