မက္ကဆီကိုစီးတီး ” ဒီဇင်ဘာ ၁ ရက်က စတင်တာဝန်ယူခဲ့သော မက္ကဆီကိုသမ္မတသစ် အင်ဒရီးယာ့စ် မင်နျူရယ် လိုပက်ဇ် အိုဘရာ ဒို၏ အစိုးရအဖွဲ့သည် လောင်စာဖြန့်ဖြူးရေးဌာနများနှင့် အစိုးရပိုက်လိုင်းများက လောင်စာများကို ဖောက်ထွင်းယူနေသော သူခိုးများ၏ အန္တရာယ်ကို ပထမဆုံးပြည်တွင်း တိုက်ပွဲအဖြစ် ရင်ဆိုင်နေရသည်။
သမ္မတ အိုဘရာဒိုသည် ယခင်အစိုးရ များနှင့်မတူဘဲ ဓာတ်ဆီနှင့် ဒီဇယ်များ ပို့ဆောင်သော ခိုးယူနိုင်သည့် အန္တရာယ်ရှိ သော ပိုက်လိုင်းများကို ပိတ်ပစ်ခဲ့သည်။ ထိုသို့ပိတ်လိုက်သဖြင့် ပြည်နယ်အတော် များများရှိ ဓာတ်ဆီဆိုင်များ ပိတ်လိုက်ရကာ ဓာတ်ဆီမလုံလောက်မှုများ ပေါ်ပေါက်ခဲ့ သည်။ လောင်စာသူခိုးများသည် အဆိုပါ ကြီးကျယ်သော လုပ်ငန်းကြီးမှ တစ်နှစ်လျှင် ဒေါ်လာ သုံးဘီလျံခန့်ရှိသော လောင်စာ များကိုခိုးယူနေကြသည်။
လောင်စာခိုးဂိုဏ်းများသည် ၎င်းတို့၏ ကိုယ်ပိုင် ဖြန့်ဖြူးရေးစခန်းများဖွင့်ကာ တရားမဝင် လောင်စာဖြန့်ချိရေးလုပ်ငန်းကို ထူထောင်ထားနိုင်သည့် အခြေအနေတွင် ရှိသည်ဟု အိုဘရာဒိုက ပြောကြားခဲ့သည်။ အချို့သော လောင်စာခိုးဂိုဏ်းများက ပိုက်လိုင်းများကိုဖောက်၍ လောင်စာဆီများ အလွယ် တကူစွန့်ထုတ်နိုင်ရန် ပိုက်လိုင်းများနှင့် မနီးမဝေးတွင် သိုလှောင်ရုံများ တည်ဆောက်ထားကြသည်ဆို၏။
ဆောက်လုပ်ရေးလုပ်ငန်း စီမံကိန်းကြီးများတွင် လောင်စာခိုးဂိုဏ်းများသည် လုပ်ငန်းဆောင်ရွက်လျက်ရှိသော စက်ယန္တရားကြီးများမှ ဒီဇယ်ဆီများကို ခိုးယူပြီး ပြန်လည်ဖြန့်ဖြူးနိုင်ရန် အရောင်းဌာနများပင် ဖွင့်ထားကြသည်။
ဖောက်ထွင်းခံရနိုင်ခြေရှိသည့် လောင်စာ ပိုက်လိုင်းများကို အစိုးရက ပိတ်ပင်လိုက်ခြင်း ဖြင့် လောင်စာဆီတင်ကားများအသုံးပြု၍ လောင်စာဆီများကို ယာယီဖြန့်ဖြူးပေးခဲ့ ရသည်။ လောင်စာဖြန့်ဖြူးရေး ဌာနများတွင် စစ်သားများကို လုံခြုံရေးတာဝန်ချထားခြင်း ဖြင့် လောင်စာခိုးဂိုဏ်းများကို တင်းကျပ်စွာ ထိန်းကွပ်ခဲ့သည်။
ဇန်နဝါရီ ၇ ရက်တွင် မက္ကဆီကိုအစိုးရက လောင်စာပို့လွှတ်သည့် ပိုက်လိုင်းများ ပိတ်ပြီး နောက် လောင်စာဆီများ ပို၍ရောင်းချနိုင်ခဲ့ ပုံကို သမ္မတက စာရင်းဇယား ပုံပြဂရပ်ဖ် များဖြင့် ဖော်ပြခဲ့သည်။
နိုင်ငံပိုင် ဏနအမသူနသျ နြထငခညေသျ ကုမ္ပဏီ က ပြောကြားရာတွင် ရောင်းချရေးပြဿနာကို ကန့်သတ်ရန် ဆောင်ရွက်လျက်ရှိပြီး လောင်စာဆီလိုအပ်မှုကို ဖြည့်ဆည်းနိုင်သည့် အတွက် ဓာတ်ဆီများအလုံအလောက် ရှိကြောင်း ကြေညာခဲ့သည်။ ဓာတ်ဆီပြတ်လပ် မှုပြဿနာကို မက္ကဆီကိုနိုင်ငံ၏ အလယ်ပိုင်း ပြည်နယ်များဖြစ်သော ဟိုက်ဒယ်လ်ဂို၊ ဂျာလစ်ဂို၊ နီဂိုအာကန်၊ ဂွာနာဂျာတိုနှင့် ကွေရီတာယို ပြည်နယ်တို့တွင် အဓိကကြုံနေ ရသည်ဟု ဆိုသည်။
မှောင်ခို လောင်စာဆီများ ထုတ်ယူရာတွင်ထိပ်ဆုံးက ဦးဆောင်နေသော ဂွာနာဂျာတိုကဲ့သို့ ပြည်နယ်များတွင် ဓာတ်ဆီဆိုင်အချို့၌ မော်တော်ကား အများအပြား တန်းစီနေကြ ရသည်။
"ကျွန်တော်တို့ လောင်စာဆီပို့တဲ့ ပိုက်လိုင်းတွေကို ဂရုတစိုက်ကြပ်မတ်ပြီး ပြန်ဖွင့်မှာပါ။ ဒါပေမဲ့ အထူးတာဝန်ပေးထားတဲ့ပုဂ္ဂိုလ်တွေနဲ့ ကြီးကြပ်ပြီး ဆောင်ရွက်သွား မှာဖြစ်ပါတယ်"ဟု သမ္မတ လိုပက်ဇ် အိုဘရာ ဒိုက ပြောကြားလိုက်သည်။
















