ဆီးရီးယားမှာဖြစ်နေတဲ့ ပဋိပက္ခဟာ အရှေ့အလယ်ပိုင်းမှာ အကြီးဆုံးပဲ။ ဒီပြဿနာဟာ အနောက်ကမ္ဘာနဲ့ သဟဇာတ မဖြစ်တဲ့ အစိုးရနဲ့ တစ်ချိန်က ဆီးရီးယား-အီရတ် နယ်စပ် တို့ကို သိမ်းနိုင်ခဲ့ပြီး ဘဂ္ဂဒက်မြို့နားအထိ ရောက်လာဖူးတဲ့ ဆွန်နီသူပုန်တွေဖြစ်နေတဲ့ ပဋိပက္ခဖြစ်တယ်။ ဒီတိုက်ပွဲဟာ ကြီးလွန်းလို့ တခြားနိုင်ငံတွေဖြစ်တဲ့ ရုရှား၊ တူရကီ၊ အီရန်နဲ့ ဟစ်ဇ်ဘိုလာအဖွဲ့တို့ဟာ ပါဝင်ပတ်သက်လာရတယ်။
ဒါပေမဲ့ ဆီးရီးယားမှာ တကယ်ဖြစ်နေတဲ့ စစ်ပွဲတွေက အများကြီးပဲ။ အစ္စလာမ်နိုင်ငံတော်အဖွဲ့လို့ခေါ်တဲ့ ှှုှု နဲ့ ဖြစ်နေတဲ့ စစ်ပွဲကိုတော့ အမေရိကန်ပြည်သူ အတော် များများသိကြတယ်။ လူသိပ်မသိတဲ့ အတွင်းကျိတ် တိုက်ပွဲ ကတော့ တိုင်းပြည်ကို နှစ် ၅၀ နီးပါးအုပ်ချုပ်လာတဲ့ အာဆတ်မိသားစုကို ဆက်ခံဖို့ နန်းလုနေကြတာပဲ။ တတိယ တစ်ခုကတော့ အမေရိကန်နဲ့ပေါင်းပြီ :ISIS ကို တိုက်နေတဲ့ ဆီးရီးယား ကာ့ဒ်တွေဖြစ်ပြီး တူရကီခေါင်း ဆောင်တွေဟာ ဆီးရီးယားမှာ ကာ့ဒ်တွေများပြားလာတာနဲ့ အတူ တူရကီကာ့ဒ်တွေကို ရဲဆေးတင်ပေးသလိုဖြစ်မှာ စိုးရိမ်နေကြတယ်။
ဒီပဋိပက္ခကို ပိုဆိုးစေတာကတော့ မသိမသာရော၊ သိသိသာသာရော ကွဲပြားချက်တွေကို ဘဝင်မကျတဲ့ အမေရိကန်သမ္မတ တစ်ယောက်ပါပဲ။ သမ္မတ ဒေါ်နယ် ထရမ့်ဟာ နိုင်ငံတကာဝါဒီတစ်ဦး မဟုတ်သလို အမေရိကန်ရဲ့အင်အားဟာ အပြောင်းအလဲတွေဖြစ်စေနိုင်တယ် ဆိုတာကိုလည်း သဘောမပေါက်ပါဘူး။ ထရမ့်က အမေရိကန်ကို ဆီးရီးယားမှာ စိတ်ဝင်စားတာISIS ကို အနိုင် ရဖို့ပဲဆိုတဲ့ မှတ်ချက်အတွက် ခွင့်လွှတ်နိုင်ပေမဲ့ မကြာသေးမီက ဆီးရီးယားက အမေရိကန်တပ်တွေကို ရုပ်သိမ်းတော့မယ်လို့ (အောင်မြင်မှုကြီးတစ်ခုလို) ကြေညာလိုက်တာကတော့ သည်းမခံနိုင်စရာပဲ။
ထရမ့်ရဲ့ဆုံးဖြတ်ချက်ဟာ ဆီးရီးယားပြည်သူတွေ အတွက် အကျပ်ဒုက္ခရောက်စေတဲ့ အာဆတ်ကို အားပေး သလိုဖြစ်လိမ့်မယ်။ အာဆတ်ဟာ ပဋိပက္ခ အတော်များ များကို ဖြေရှင်းနိုင်စွမ်းမရှိဘူးဆိုတာကို ကြုံခဲ့ရတဲ့ပြဿနာ တွေက သက်သေပြခဲ့ပြီဖြစ်တယ်။ ဒါပေမဲ့ အာဆတ်ဟာ သူအာဏာတည်မြဲဖို့ ဘယ်သူ့ကိုကပ်ရမလဲဆိုတာ သိတယ်။ ရုရှား၊ အီရန်နဲ့ ရှီးယားမွတ်စလင်အုပ်စုတွေရဲ့ အကူအညီတွေနဲ့ ဒုတိယအခွင့်အရေးရလေ့မရှိတဲ့ နိုင်ငံမှာ သူ့အတွက် အခြေအနေကောင်းစေခဲ့တယ်။ ဒါပေမဲ့ အာဆတ်ဟာ သူ့အုပ်ချုပ်မှု ၁၈ နှစ်တာ ကာလအတွင်းမှာ ဘာကိုမှ မသင်ယူခဲ့၊ မမေ့လျော့ခဲ့သလို သူ့အာဏာကို ခိုင်မြဲစေမယ့် ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ဖို့ စိတ်ကူး ရှိပုံမရဘူး။
ထရမ့်က အခု လုံးဝလျစ်လျူရှုလိုက်ပြီဖြစ်တဲ့ ဆီးရီးယား အတွက် အမေရိကန်ရဲ့ ပေါ်လစီဟာ အီရတ်မှာ တည်ငြိမ်မှုရှိဖို့နဲ့ ISIS ကို အနိုင်ရဖို့ဆိုတဲ့ မဏ္ဍိုင်နှစ်ခုအပေါ် မူတည်တယ်။ အိုဘားမားလက်ထက်မှာနဲ့ ထရမ့်လက်ထက်မှာ အမေရိကန်တပ်ဖွဲ့တွေဟာ ပြည်သူ့စစ်တွေနဲ့ပေါင်းပြီး ှှုှု ကို တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ ထရမ့်ပြောတာနဲ့တခြားစီပဲ။ISIS ဟာ ရှုံးနိမ့်သွားတာမဟုတ်ဘဲ ပြန်လာလိမ့်မယ်။
ထရမ့်က တစ်ဖက်သတ် လုပ်နေမယ့်အစား သူ့ နိုင်ငံ ရေးမူဝါဒအဖွဲ့ကို မေးခွန်းတွေမေးသင့်တယ်။ အမေရိကန် ဟာ ဆီးရီးယားမှာ ဘယ်လို အဆုံးသတ်မျိုးတွေ့ချင်တာလဲ။ ရုရှား၊ တူရကီနဲ့ အီရန်ရဲ့ ထောက်ခံမှုရထားတဲ့ အာဆတ် ဘယ်လိုထွက်မလဲ။ ဘယ်လိုနိုင်ငံရေးအဖြေတွေ ရှိမလဲ။ လက်ရှိအဖွဲ့အစည်းတွေရဲ့ အနှောင်အဖွဲ့ကင်းတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်လာနိုင်လား။
ဒါပေမဲ့ ဒီရိုးရှင်းတဲ့ မေးခွန်းတွေတောင် အဖြေမထွက် တော့ ထရမ့်ရဲ့အစွမ်းအစနဲ့ မနိုင်ဘူးထင်တယ်။ မေးရ မယ့်အစား ထရမ့်က အနိုင်ရတယ်ဆိုပြီး ထွက်ခွာသွား တယ်။ ဒါရော နောက်ထပ်ဖြစ်လာနိုင်တဲ့ အမေရိကန်က အာဖဂန်နစ္စတန်ကနေ ထွက်တာရောက တူညီမှုရှိတယ်။ အမေရိကန်ဟာ သူ့ရည်မှန်းချက်တွေ ပြည့်မီပြီဆိုပြီး တစ်ဇွတ်ထိုး ယူဆလေ့ရှိတယ်။
ဒါပေမဲ့ ဆီးရီးယားကနေထွက်တာက ပိုသတိထားမိစရာ ဖြစ်ပြီး သူဘာလုပ်နေမှန်း ဘာမှမသိတဲ့ သူ့လုပ်ရပ်တွေကို သမိုင်းကြောင်းနဲ့ မချိန်ထိုးတတ်တဲ့ အမေရိကန်သမ္မတ ကြောင့် အပျက်အစီးကြီးလောက်တယ်။ အချက်အလက် တွေဟာ ဗဟုသုတမဟုတ်၊ ဗဟုသုတ Óဏ်ပညာမဟုတ် ပေမဲ့ ထရမ့်အမြင်မှာတော့ သမိုင်းကြောင်းဟာ အချက် အလက်တွေပေးတယ်။ နောက်ကြောင်းလည်း ပြန်လှည့် တတ်တယ်ဆိုတာ မသိတဲ့အပြင် ကမ္ဘာပေါ်မှာ အရေး အကြီးဆုံး လုံခြုံရေးစိန်ခေါ်မှုတွေကိုလည်း မတွေ့ဘူး။များသောအားဖြင့် အမေရိကန် နိုင်ငံခြားရေးပေါ်လစီဟာ သမ္မတရဲ့ ခံနိုင်ရည်ရှိမှုကြောင့်ရော၊ ပြည်တွင်း လုံခြုံရေးကိစ္စအတွက် သူဟာ ရှိသမျှအရင်းအမြစ်တွေကို အသုံးပြုနေတဲ့ အတွက်ရော ကိုယ်စားလို သတ်မှတ်ခံရတယ်။ ဒါပေမဲ့ ထရမ့်ကတော့ အဲဒါတွေ တစ်ခုမှမဟုတ်ဘူး။ သူရဲ့ သင်္ကြန်အမြောက်နဲ့ အမှားလို့ထင်ရတဲ့အရာတွေဟာ တကယ်တော့ ဗျူဟာကျကျ ဖြစ်ပျက်နေမှန်း သိသာလာပြီ။
(ဤဆောင်းပါးသည်Christopher R.Hill ၏ အာဘော်သာဖြစ်သည်။ သူသည် အရှေ့အာရှ၏ အမေရိကန် ဒုတိယ နိုင်ငံခြာရေး ဝန်ကြီးဟောင်း၊ အီရတ်၊ တောင်ကိုရီးယား၊ မက်ဆီဒိုးနီးယားနှင့် ပိုလန်တို့၏ အမေရိကန်ဆိုင်ရာ သံအမတ်အဖြစ် တာဝန်များထမ်းဆောင်ခဲ့ပြီး ကိုဆိုဗို အတွက် အမေရိကန်အစိုးရ၏ အထူးသံတမန်Dayton Peace Accords အတွက်ညှိနှိုင်းသူနှင့် (၂၀ဝ၅”၂၀ဝ၉ ခုနှစ်)အထိ မြောက်ကိုရီးယားနှင့် အမေရိကန်ညှိနှိုင်းရေး အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် Chancellor for Global Engagement ၏အကြံပေးအကြီး အကဲနှင့်Denver တက္ကသိုလ်ရှိ Practice in Diplomacy ဌာန၏ ပါမောက္ခလည်းဖြစ်ပြီးOutpost စာအုပ်ကို ရေးသားခဲ့သည်။
(Project Syndicate) Dec 28, 2018

















