အင်န်အယ်လ်ဒီပါတီမှ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များအား ပြန်လည်ရုပ်သိမ်းနိုင်သည့် ဥပဒေမရှိသေး၍ ပါတီတွင်း သတိပေးသည့်နည်းဖြင့်သာ အရေးယူနေရဟု ဒေါက်တာမျိုးညွန့်ဆို

အင်န်အယ်လ်ဒီပါတီမှ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များအား ပြန်လည်ရုပ်သိမ်းနိုင်သည့် ဥပဒေမရှိသေး၍ ပါတီတွင်း သတိပေးသည့်နည်းဖြင့်သာ အရေးယူနေရဟု ဒေါက်တာမျိုးညွန့်ဆို

ပြည်သူများက တိုင်ကြားထားသည့် အင်န် အယ်လ်ဒီပါတီမှ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များကို ပြန်လည်ရုပ်သိမ်းနိုင် သည့် ရုပ်သိမ်းခွင့်ဥပဒေ မရှိသေးသည့်အတွက် ပါတီတွင်း သတိပေးသည့်နည်းဖြင့်သာ အရေး ယူနေရကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ထံမှ သိရသည်။

"စာဖြင့်ရေးသားသတိပေးဆိုတဲ့ အမြင့် ဆုံးပဲ လုပ်ပါတယ်။ ကျွန်တော်တို့က ဒီလွှတ် တော်ကိုယ်စားလှယ်တစ်ဦးကို ပါတီကသာ ထုတ်ပယ်လိုက်တဲ့အခါမှာ လွှတ်တော်ကိုယ်စား လှယ်က ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံရာမှာ ပိုမိုဆိုးရွားတယ်ဆိုရင် ကိုယ့်ပါတီက မဟုတ် တော့တဲ့အတွက် ကျွန်တော်တို့ သူတို့ကိုခေါ်ယူ သတိပေးနိုင်စွမ်း မရှိတော့ပါဘူး။ ကျွန်တော် တို့က လွှတ်တော်ကိုယ်စားလှယ်ကို ပြန်လည် ရုပ်သိမ်းနိုင်တဲ့ ရုပ်သိမ်းခွင့်ဥပဒေလည်း အခုထိမရှိတဲ့အခါကျတော့ အခုလောလော ဆယ်မှာတော့ ဒီလောက်အထိပဲ အမြင့်ဆုံး လုပ်ပါတယ်" ဟု အင်န်အယ်လ်ဒီပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့် က ပြောဆိုသည်။

ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံမှုမရှိခြင်း၊ ပြည်သူများ၏ အကူအညီတောင်းခံမှုကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးခြင်းမရှိသည့် ပါတီမှ ဝန်ကြီးများ၊ ကိုယ်စားလှယ်များကို တိုင်ကြားစာများအရ စိစစ်ဖော်ထုတ် အရေး ယူလျက်ရှိပြီး ပိုမိုဆိုးရွားလာ၍ ပြည်သူများ ကြိုက်နှစ်သက်မှုမရှိတော့ပါက ပါတီဝင်အဖြစ် မှ ထုတ်ပယ်ခြင်း၊ ကိုယ်စားလှယ်လောင်းအဖြစ် နောက်တစ်ခါ ပြန်လည်ရွေးချယ်သည့်အခါ စဉ်းစားတော့မည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

"သူ့ရဲ့လုပ်ဆောင်ချက်က တိုင်းပြည်မှာ သိပ်နစ်နာတယ်ဆိုရင် ကျွန်တော်တို့ ဒါကို မကြည့်ဘဲနဲ့ ပါတီဝင်အဖြစ်က ထုတ်ပယ်တာ လုပ် ကောင်းလုပ်ပါမယ်"ဟု ဒေါက်တာမျိုးညွန့် က ပြောဆိုသည်။

ဖြေရှင်းထား

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒီချုပ်အစိုးရဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စား လှယ်များကို ပြည်သူလူထုက ပေးပို့သည့် တိုင်ကြားစာ ၅၀ဝ ရှိပြီး ၄၀ဝ ကျော် ဖြေရှင်းပြီး ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး