မြန်မာနိုင်ငံမှ ကိုရီးယားသမ္မတနိုင်ငံသို့ ရေထွက်ပစ္စည်းတင်ပို့သည့် စက်ရုံခြောက်ရုံသာ ဆက်လက်တင်ပို့ခွင့်ရခဲ့ကြ

မြန်မာနိုင်ငံမှ ကိုရီးယားသမ္မတနိုင်ငံသို့ ရေထွက်ပစ္စည်းတင်ပို့သည့် စက်ရုံခြောက်ရုံသာ ဆက်လက်တင်ပို့ခွင့်ရခဲ့ကြ

မြန်မာနိုင်ငံမှ ကိုရီးယားသမ္မတနိုင်ငံသို့ ငါး၊ ပုစွန် အပါအဝင် ရေထွက်ကုန်ပစ္စည်းတင်ပို့လျက်ရှိသည့် စက်ရုံ များအနက် စက်ရုံခြောက်ရုံသာ သက်ဆိုင်ရာနိုင်ငံ၏ စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီမှုရှိခြင်းကြောင့် ဆက်လက်တင်ပို့ခွင့်ရရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရ သည်။

လာရောက်စစ်ဆေး

မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ ရေထွက်ပစ္စည်း တင်ပို့နေသည့် ကုမ္ပဏီကိုးခုကို အစားအသောက်ဘေး ကင်းမှုနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ကိုရီးယား နိုင်ငံမှ တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့ကြသည်။

အဓိကရည်ရွယ်ချက်

"သူတို့ရဲ့ လာစစ်တဲ့ အဓိကရည်ရွယ်ချက်က ဒီကနေ သူတို့ဆီကို တင်ပို့နေတဲ့ကုမ္ပဏီ ကိုးခုရှိတယ်။ အဲ့ဒီထဲ ကနေ ကုမ္ပဏီခြောက်ခု ကိုစစ်တယ်။ အဲ့ဒါက ကိုရီးယားကို မြန်မာနိုင်ငံကနေ ရေထွက်ကုန်ပို့တဲ့စက်ရုံအချို့ နည်းနည်း လေး ျွနနြခအျ ထိတာရှိတယ်။ ဒါနဲ့ပတ်သက်ပြီး အဲ့ဒီ စက်ရုံတွေကိုလာစစ်တဲ့အခါမှာ ကိုရီးယားကသတ်မှတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းစစ်တာဖြစ်တယ်။ သူက ၈၅ မှတ်ရရင် အဆင်ပြေတယ်။ ဒါပေမဲ့ ၇၀ နဲ့ ၈၀ ကြား ဆိုရင် လိုအပ်ချက်လေးတွေ ပြန်ပြီးတော့ပြင်ရတယ်"ဟု ငါးလုပ်ငန်းဦးစီးဌာန အရည်အသွေးစစ်ဆေးရေးဌာနခွဲမှ တာဝန်ခံ ဦးသက်နိုင်က ပြောဆိုသည်။

စီမံချက်များလိုက်နာ

ယင်းစက်ရုံများသည် ရန်ကုန်တိုင်းဒေသကြီး ကျောက် တန်းမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တို့ တွင်တည်ရှိသည့် ရေထွက်ကုန်ပစ္စည်းတင်ပို့နေသည့် ကုမ္ပဏီကိုးခုကို ကိုရီးယားနိုင်ငံမှ ပထမဆုံးအကြိမ် လာ ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာနမှ ချမှတ် ထားသော ညွှန်ကြားချက်များ၊ အစားအစာလုံခြုံစိတ်ချမှု နှင့်ပတ်သက်သော စီမံချက်များကို လိုက်နာရမည်ဖြစ် ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံအစိုးရနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ အကြား ရေထွက်ကုန်ပစ္စည်းတင်ပို့နိုင်ရေး MoU ရေးထိုး နိုင်ရန် သက်ဆိုင်ရာဌာနများသို့ ဆက်လက်တင်ပြသွား မည်ဖြစ်ပြီး ယင်းကဲ့သို့လုပ်ဆောင်ခြင်းကြောင့် ကုန်သွယ်မှု တိုးမြှင့်လာနိုင်သည်။

တိုက်ရိုက်အောင်

"ပြန်ပြင်ပြီးလို့ သဘောတူပြီဆိုရင် ပုံမှန်ဖြစ်တယ်။ ၇၀ အောက်ဆိုရင်တော့ နည်းနည်း ကျတယ်ပေါ့။ အဲ့ဒီ တော့ စက်ရုံတွေအားလုံး ခွင့်ပြုတယ်။ ဒါကတော့ သူတို့ သတ်မှတ်တဲ့ တိုက်ရိုက်အောင်တဲ့ စက်ရုံရှိတယ်။ နည်း နည်းလေးလိုအပ်ချက်တွေပြန်ပြင်ပြီးတော့မှ အမှတ်ကျော် သွားတဲ့ စက်ရုံတွေလည်းရှိတယ်။ စက်ရုံ ခြောက်ရုံကတော့ သူတို့ဆီ ဆက်ပို့ခွင့်ရပါတယ်။ ကိုရီးယားက ပထမဆုံး အကြိမ်လာစစ်တာပါ"ဟု ဦးသက်နိုင်က ဆက်လက်ပြော ဆိုသည်။

တင်ပို့မှု

ကိုရီးယားနိုင်ငံသို့ မြန်မာနိုင်ငံမှ တင်ပို့သော ရေထွက် ကုန်ပစ္စည်းများတွင် မွေးမြူရေးငါးများအပြင် ပင်လယ်၊ မြစ်ချောင်းများမှ ဖမ်းဆီးရရှိသောငါးများလည်း ပါဝင် သည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများ ဖြစ်သော ငါး၊ ပုစွန်၊ ကဏန်းပျော့ စသည်တို့ကို ထိုင်း၊ တရုတ်၊ ဂျပန် စသည့်နိုင်ငံ များ အပါအဝင်နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ပြည်ပသို့ငါးတင်ပို့မှုတွင် ငါးသလောက်၊ ကကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန် စသည့်ငါးအမျိုးအစားပေါင်း ၂၀ ကျော်ကို တင်ပို့လျက်ရှိ ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး