တရုတ်( တိုင်ပေ)ခေါင်းဆောင် မဟာမိတ်တစ်ဦးကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်

တရုတ်( တိုင်ပေ)ခေါင်းဆောင် မဟာမိတ်တစ်ဦးကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်

တရုတ်( တိုင်ပေ)ရွေးကောက်ပွဲတွင် အာဏာရပါတီသည် အကြီးအကျယ်ရှုံးနိမ့်ခဲ့ပြီး တရုတ်ထံမှ ဖိအားပေးမှုပိုမိုပြင်းထန်လာပြီးနောက် တရုတ်( တိုင်ပေ)ခေါင်းဆောင် ဆိုင်အင်ဝမ်သည် ဝန်ကြီးအဖွဲ့အပြောင်းအလဲအဖြစ် နိုင်ငံရေးမဟာမိတ်တစ်ဦးအား ဝန်ကြီးချုပ်အဖြစ် ဇန်နဝါရီ ၁၁ ရက်တွင် ခန့်အပ်ခဲ့သည်။

၎င်းတို့ပိုင်အဖြစ်သတ်မှတ်ထားသည့် တရုတ်( တိုင်ပေ)ကို အင်အားသုံးသိမ်းပိုက်မည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ပြောဆိုထားသည့်အချိန်တွင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည့် ဆုဆန်ချန်းသည် ဝန်ကြီးအဖွဲ့ကိုဦးဆောင်ရမည်ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ဆိုင်သည် တရုတ်( တိုင်ပေ)ခေါင်းဆောင်အဖြစ် ရွေးကောက်ခံခဲ့ရပြီးနောက် တရုတ်အစိုးရသည် ဆိုင်၏အစိုးရနှင့်ဆက်ဆံရေးအားလုံးကိုဖြတ်တောက်ပြီး စီးပွားရေးနှင့် သံတမန်ရေးအရ ဖိအားပေးမှုများကိုပြုလုပ်ခဲ့သည်။

နိုဝင်ဘာ ၂၄ တွင်ပြုလုပ်ခဲ့သည့် ဒေသဆိုင်ရာရွေးကောက်ပွဲများတွင် တရုတ်နှင့် ရင်းနှီးသော ဆက်ဆံရေးလိုလားသည့် အတိုက်အခံ အမျိုးသားရေးပါတီသည် အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ( ဒီပီပီ)ကို ထောက်ခံသူအများစုရှိသည့် ကောက်ဆွန်အပါအဝင် အဓိကအမတ်နေရာ ၂၂ ခုအနက် ၁၅ ခုတွင် အနိုင်ရရှိခဲ့သည်။ ရွေးကောက်ပွဲပြီးနောက် ဆိုင်သည် ဒီပီပီ၏ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခဲ့သည်။

လူနေမှုဘဝများတိုးတက်ရေး၊ ဒီမိုကရေစီကိုကာကွယ်ရေးနှင့် အချုပ်အခြာအာဏာကိုထိန်းသိမ်းစောင့်ရှောက်ရေးတို့နှင့်ပတ်သက်၍ အစိုးရက အပြည့်အဝတာဝန်ယူရန် ပြည်သူများက လိုလားနေပြီး ယင်းကဲ့သို့လိုလားမှုများနှင့် စိန်ခေါ်မှုများကို ဖြေရှင်းရန် ဆူဆန်ချန်းကဲ့သို့ အတွေ့အကြုံရှိသူတစ်ဦးကိုလိုအပ်ကြောင်း ဆိုင်က ပြောဆိုခဲ့သည်။

တရုတ်၏ တရုတ်( တိုင်ပေ) သံတမန်ဆက်ဆံရေးတွင် အထီးကျန်လာအောင် လုပ်ဆောင်နေပြီး တရုတ်( တိုင်ပေ)နှင့် သံတမန်ဆက်ဆံရေးရှိသည့် နိုင်ငံနှင့်ဒေသသည် ၁၇ ခုအထိသာရှိလာခဲ့သည်။

အသက် ၇၁ နှစ်အရွယ် ဆုသည် လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်ပြီး အမျိုးသားရေးဝါဒီများ၏ စစ်အုပ်ချုပ်ရေးဥပဒေကာလအတွင်း ဒီပီပီကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်သည်။ ဆုသည် ၂၀ဝ၆ မှ ၂၀ဝ၇ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။