အမေရိကန်အစိုးရယန္တရား တစ်စိတ်တစ်ပိုင်းရပ်တန့်မှု စံချိန်တင်

အမေရိကန်အစိုးရယန္တရား တစ်စိတ်တစ်ပိုင်းရပ်တန့်မှု စံချိန်တင်

အမေရိကန်အစိုးရယန္တရား တစ်စိတ်တစ်ပိုင်းရပ်တန့်မှုသည် ဇန်နဝါရီ ၁၂ ရက်၌ ၂၂ ရက် ပြည့်မြောက်ခဲ့ပြီဖြစ်၍ စံချိန်တင် ကြာမြင့်ခဲ့ပြီဖြစ်ပြီး နိုင်ငံရေးအရ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေဆဲဖြစ်ခြင်း ကြောင့် ရပ်တန့်မှုအဆုံးသတ်မည့် လက္ခဏာ မရှိသေးပေ။

ယခင်က  အစိုးရယန္တရားတစ်စိတ်တစ်ပိုင်းရပ်တန့်မှု အရှည်ကြာဆုံးမှာ သမ္မတဘီလ်ကလင်တန်လက်ထက် ၁၉၉၅- ၉၆ ခုနှစ်က ၂၁ ရက်ရပ်တန့်ခဲ့မှုဖြစ်သည်။

မက္ကဆီကိုနယ်စပ်၌ တံတိုင်းဆောက်လုပ်ရန် သမ္မတထရမ့်က ဒေါ်လာ ၅ ဒသမ ၇ ဘီလျံ တောင်းခံထားမှုကို ဒီမိုကရက်တို့ပယ်ချခဲ့သည့်နောက် အစိုးရဌာနလေးပုံတစ်ပုံခန့် ရပ်နားကာ ထောင်စောင့်များ၊ လေဆိပ်ဝန်ထမ်းများနှင့် အက်ဖ်ဘီအိုင်ဝန်ထမ်းများ အပါအဝင် ဝန်ထမ်း ၈၀ဝ၀ဝ၀ ခန့် လစာမရနိုင်ဘဲ ဖြစ်နေသည်။ 
    ဝန်ထမ်း ၃၅၀ဝ၀ဝ ခန့် ယာယီခွင့်ယူထားရသည်။ ယင်းကြောင့် ဝန်ထမ်းထောင်ဂဏန်းသည် အလုပ်လက်မဲ့ အကျိုးခံစားခွင့်များ လျှောက်ထားခဲ့သည်။ မီယာမီ နိုင်ငံတကာလေဆိပ်တွင် လုံခြုံရေးအင်အားနည်းပါးခြင်းကြောင့် ယခုအပတ်ကုန်တွင် ဆိုက်ရောက်ခန်းမတစ်ခုလုံး ပိတ်ပစ်ရဖွယ်ရှိသည်။

အစိုးရယန္တရားရပ်တန့်မှုအဆုံးသတ်ချိန်တွင် ဝန်ထမ်းများ နောက်ကြောင်းပြန်အကျိုးခံစားခွင့်ရရှိမည့် ဥပဒေကြမ်းတစ်ရပ်ကို လွှတ်တော်နှစ်ရပ်လုံးက ဇန်နဝါရီ ၁၁ ရက်၌ အတည်ပြုခဲ့ပြီး သမ္မတက လက်မှတ်ထိုးပေးရန်လည်း မျှော်လင့်နေသည်။
    ဇန်နဝါရီ ၁၁ ရက်တွင် သမ္မတထရမ့်နှင့် တံတိုင်းရန်ပုံငွေမပါဝင်သည့်ဘတ်ဂျက်ကို အတည်မပြုဟု သမ္မတထရမ့်က ပြောဆိုခဲ့ပြီး လွှတ်တော်ကိုရှောင်ကွင်း၍ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာလျက် စစ်တပ်တည်ဆောက်မှုရန်ပုံငွေဖြင့် တံတိုင်းတည်ဆောက်မည်ဟုလည်း အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့သည်။ 
သမ္မတထရမ့်၏အပြုအမူပေါ်မူတည်၍ တုံ့ပြန်သွားမည်ဖြစ်ကြောင်း အောက်လွှတ်တော်ဥက္ကဌ နန်စီပဲလိုစီက ပြောဆိုခဲ့သည်။