ဥရောပတစ်ဝန်း နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၂၁ ဦးအထိ ရှိသွားပြီဖြစ်

ဥရောပတစ်ဝန်း နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၂၁ ဦးအထိ ရှိသွားပြီဖြစ်

ဥရောပတစ်ဝန်း လွန်ခဲ့သော ၁၀ ရက်အတွင်း နှင်းမုန်တိုင်းပြင်းပြင်းထန်ထန်တိုက်ခတ်မှုနှင့် နှင်းတောင်ပြိုမှုတို့ကြောင့် သေဆုံးသူ ၂၁ ဦးအထိရှိသွားပြီဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံအရှေ့ပိုင်း ဟိုတယ်ဆာယန်တစ်ရှိ အလုပ်သမားများသည် ဇန်နဝါရီ ၁၁ ရက်တွင် အလျား မီတာ ၃၀ဝ ရှိသည့် တောင်ပြိုမှုကြောင့် နှင်းများ ဟိုတယ်အတွင်းဝင်ရောက်လာခဲ့ပြီးနောက် ရှင်းလင်းမှုများကိုပြုလုပ်ခဲ့ရသည်။ ရှဗေဂတ်၌ တောင်ပြိုမှုကြောင့် လူသုံးဦး ဒဏ်ရာရရှိခဲ့သည်။
    ဘူဂေးရီးယားနိုင်ငံအနောက်တောင်ပိုင်း ပီရင်တောင်တန်းများ၌ တောင်ပြိုမှုကြောင့် နှင်းလျှောစီးသူနှစ်ဦးသေဆုံးခဲ့ကြောင်း ဘူဂေးရီးယားကြက်ခြေနီအဖွဲ့ကပြောဆိုခဲ့သည်။ 


ဂျာမနီ၌လည်း ဇန်နဝါရီ ၁၁ ရက်တွင် မော်တော်ယာဉ်တစ်စီး ရေခဲနေသော မြစ်တွင်းထိုးကျမှုကြောင့် ယာဉ်မောင်းတစ်ဦးသေဆုံးခဲ့ပြီး အယ်လ်ဘေးနီးယား၌ လျှပ်စစ်ဝန်ထမ်းတစ်ဦး မတော်တဆမှုတစ်ခုကြောင့် သေဆုံးခဲ့သည်။
    ဇန်နဝါရီ ၁၁ ရက်တွင် သြစတြီးယားစစ်တပ်မှ ရဟတ်ယာဉ်များသည် တောင်ပေါ်ဧည့်ရိပ်သာတစ်ခု၌ ပိတ်မိနေသည့် ဂျာမန်ဆယ်ကျော်သက် ၆၆ ဦးကို ကယ်ထုတ်ခဲ့သည်။ 
ဆားဘီးယားအနောက်တောင်ပိုင်း၌အရေးပေါ်အခြေအနေထုတ်ပြန်ထားသည်။

ဇန်နဝါရီလ၏ ပထမဆုံး ၁၀ ရက်သည် ဆယ်စုနှစ်များစွာအတွင်း အအေးဆုံးနေ့ရက်များဖြစ်ကြောင်း မွန်တီနီဂရိုမှ မိုးလေဝသပညာရှင် ဒရာဂန် ဘူရစ်ကပြောဆိုခဲ့သည်။