၁၈ ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(ဘီ)တွင် ဇန်နဝါရီ ၁၇ရက်မှ ၂၁ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပါဝင်
အဆိုပါပြိုင်ပွဲတွင် အမျိုးသား၊အမျိုးသမီးပွဲစဉ်များအဖြစ် ဗန်တိုအတိုက် ၊ ဓါး(၁)လက်အတိုက်၊ ဓါး(၂)လက်အတိုက်နှင့် ပညာစဉ်စွမ်းရည်ပြပြိုင်ပွဲအဖြစ် တွဲဖက်နည်းပြအဆင့်၊ လက်ထောက်နည်းပြ အဆင့်ပွဲစဉ်များ ပါဝင်မည်ဖြစ်သည်။
ထို့အပြင် အသင်းလိုက်ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား၊အမျိုးသမီး နှစ်ယောက်တွဲ၊အမျိုးသမီး နှစ်ယောက်တွဲ၊ အမျိုးသား၊အမျိုးသမီး သုံးယောက်တွဲ၊ အမျိုးသားသုံးယောက်တွဲ(၆၃)နည်းပညာ၊ အမျိုးသားအသင်းလိုက်ခြောက်ယောက်တွဲ ပွဲစဉ်များ ပါဝင်မည်ဖြစ်သည်။
ချီးမြှင့်
ဗန်တိုအတိုက်ပြိုင်ပွဲတွင် အမျိုးသား(၇)တန်းနှင့် အမျိုးသမီး(၅)တန်း စုစုပေါင်း(၁၂)တန်း၊ ဓါးတစ်လက် ပြိုင်ပွဲတွင် အမျိုးသား(၃)တန်းနှင့် အမျိုးသမီး(၃)တန်း၊ ဓါးနှစ်လိုက်ပြိုင်ပွဲတွင် အမျိုးသား(၃)တန်းနှင့် အမျိုးသမီး (၂)တန်း စုစုပေါင်း(၁၁)တန်း၊ ပညာစဉ်စွမ်းရည်ပြပြိုင်ပွဲ တွဲဖက်အဆင့်နှင့် လက်ထောက်အဆင့် အမျိုးသား(၄)မျိုးနှင့် အမျိုးသမီး(၄)မျိုး စုစုပေါင်း(၈)မျိုး၊ အသင်းလိုက်စွမ်းရည်ပြိုင်ပွဲအဖြစ် စုစုပေါင်း(၆)မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ရွှေတံဆိပ်(၃၇)ခု၊ ငွေတံဆိပ် (၃၇)ခု၊ကြေးတံဆိပ်(၆၀)ခုကို ချီးမြှင့်မည်ဖြစ်သည်။
ထို့အပြင် အမျိုးသား၊အမျိုးသမီး အကောင်းဆုံး ကစားသမားဆုနှင့် အမျိုးသားတံခွန်စိုက်ဒိုင်း၊ အမျိုးသမီးတံခွန်စိုက်ဒိုင်း နှင့် စွယ်စုံတံခွန်စိုက်ဒိုင်းတို့ကို လည်း ပေးအပ်မည် ဖြစ်သည်။
ယခုနှစ်ပြိုင်ပွဲသို့ ကယားပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့မှ လွဲ၍ နေပြည်တော်အသင်း အပါအဝင် စုစုပေါင်း (၁၃)သင်း ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။















