၂၀၁၈မြန်မာဖူဆယ်လိဂ် ပထမအကျော့နောက်ဆုံးပွဲစဉ်ကို ဇန်နဝါရီ ၁၅ရက်တွင် ယှဉ်ပြိုင်မည်ဖြစ်ရာ ဇယားထိပ်ဆုံးမှ MIC အသင်းသည် အနိမ့်ဆုံးသရေတစ်မှတ်ရရုံဖြင့် ရာသီဝက်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မည်ဖြစ်သည်။
ယှဉ်ပြိုင်ရမည်
ပထမအကျော့နောက်ဆုံးပွဲစဉ်တွင် MIC အသင်းသည် လက်ရှိချန်ပီယံ ပြည်ယူနိုက်တက်နှင့် ဆုံတွေ့လျက်ရှိနေပြီး အဆင့်နှစ်နေရာမှ VUC အသင်းသည် Comrade FCအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ထို့နောက် AMM FC အသင်းမှာ Titan XII FC အသင်းနှင့်လည်းကောင်း၊ GV Athletic FC အသင်းမှာ UPT FC အသင်းနှင့်လည်းကောင်း၊ MFF U-19 အသင်းမှာ White Colour FC အသင်းနှင့်လည်းကောင်း၊ Myoma YTD FC အသင်းမှာ ရန်ကုန်ုစီးတီးအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာဖူဆယ်လိဂ် ပွဲစဉ်(၁၀)ပွဲစဉ်များ ယှဉ်ပြိုင်အပြီးတွင် MIC အသင်းသည် ရမှတ် ၃၀ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်လျက်ရှိပြီး VUC အသင်းမှာ ရမှတ် ၂၇မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။















