ဖိတ်ခေါ်လူငယ်ကြက်တောင်ရိုက်ပြိုင်ပွဲ မြန်မာ ရွှေနှင့် ငွေဆုများ ဆွတ်ခူး

ဖိတ်ခေါ်လူငယ်ကြက်တောင်ရိုက်ပြိုင်ပွဲ မြန်မာ ရွှေနှင့် ငွေဆုများ ဆွတ်ခူး

နီပေါနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် နိုင်ငံတကာဖိတ်ခေါ်လူငယ်ကြက်တောင်ရိုက်ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ ရွှေနှင့် ငွေတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

သုံးပွဲပြတ်

အဆိုပါပြိုင်ပွဲကို ဇန်နဝါရီ ၈ရက်မှ ၁၂ရက်အထိ ကျင်းပခဲ့ပြီး မြန်မာကြက်တောင်ရိုက်အဖွဲ့မှ ဇော်လင်းထူးနှင့် သူရိန်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နှစ်ယောက်တွဲပွဲစဉ် ဗိုလ်လုပွဲတွင် ဇော်လင်းထူးနှင့် သူရိန်အတွဲက အိမ်ရှင်နီပေါအတွဲကို သုံးပွဲပြတ်ဖြင့် အနိုင်ယူပြီး ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သည်။

ထို့အပြင် အသက်၁၅နှစ်အောက် အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲသို့ ဇော်လင်းထူးတက်ရောက်နိုင်ခဲ့သော်လည်း နီပေါကစားသမားကို နှစ်ပွဲ တစ်ပွဲဖြင့် ရှုံးနိမ့်ပြီး ငွေတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။

ဇော်လင်းထူးသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် အသက် ၁၅နှစ်အောက် Future Arena Badminton Open တစ်ဦးချင်းပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ဆုဆွတ်ခူးပေးနိုင်ခဲ့သူဖြစ်သည်။

နီပေါဖိတ်ခေါ်ပြိုင်ပွဲ၌ အောင်မြင်မှုများ ရရှိခဲ့သည့် မြန်မာလူငယ်နှစ်ဦးသည် ဇန်နဝါရီ ၁၃ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။



ဖတ်ရှုမှုအများဆုံး